လေးငယ်(41)(Z+U)

3.4K 386 96
                                    

ပြဿနာဖြစ်ပြီးနောက် ပထမဆုံး ရိုက်ကူးရေးပြန်စတဲ့နေ့ဖြစ်သည်။

''ရော့...! ကော်ဖီသောက်ဦး...!''

''ကျေးဇူးတင်ပါတယ် Park Chanyeol...''

''ဇာတ်လမ်းက မြန်မြန်ပြီးရမဲ့ဟာ မင်းရဲ့သတင်းတွေကြောင့် နည်းနည်းကြန့်ကြာသွားတယ်...''

''ကျွန်တော် တောင်းပန်ပါတယ်...''

''ဟာ...မင်းတောင်းပန်ဖို့ မလိုပါဘူး...! ဖြစ်ချိန်တန်လို့ ဖြစ်လာတဲ့ဟာ.... မင်းတောင်းပန်စရာ မလိုပါဘူး...! ဒါနဲ့ အရင်ရက်တွေက ကိုယ်မင်းဆီဖုန်းဆက်သေးတယ် မင်းဖုန်းမကိုင်ဘူး Kim Jongin...!''

''ဟုတ်တယ်...! ကျွန်တော်စိတ်ညစ်စရာလေး ရှိနေလို့ပါ...''

''မင်းကိုအံ့သြစရာ ပြောပြရဦးမယ်...! မင်းယောက်ျား Oh Sehunနဲ့ကိုယ်က ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေ...! ဟိုနေ့ ကိုယ်မင်းအိမ်ကို လိုက်လာတဲ့နေ့မှ သိလိုက်ရတာ...''

''ဘယ်လို Park Chanyeol...''

''မင်းလည်း အံ့သြသွားတယ်မလား...! ကိုယ်လည်း Sehunကိုပြန်တွေ့တော့ အရမ်းအံ့သြသွားခဲ့တာ...''

''ကျွန်တော့ရဲ့လေးငယ်နဲ့ ခင်များလို ကမ္ဘာကျော်မင်းသားကြီးက ငယ်သူငယ်ချင်းတွေဆိုတော့ ဂုဏ်ယူစရာပဲပေါ့... ဝမ်းသာပါတယ် Park Chanyeol...''

''အဟွန်း....! မင်းစိတ်မဆိုးဘူးဆိုရင် နောက်ထပ် ကိုယ်ဝန်ခံစရာရှိသေးတယ်...''

''ဘာများလဲ....''

''မင်းရဲ့ယောက်ျား Oh Sehunက ကိုယ့်ရဲ့အချစ်ဦး... တစ်ဖက်သတ်အချစ် ဖြစ်ခဲ့ဖူးတယ်...''

''ဘာ!!!!''

''ဟေး.... အဲ့ဒါ ဟိုးငယ်ငယ် မနူးမနပ်ခင်တုန်းကနော်... စိတ်ကစားတတ်တဲ့အရွယ်တုန်းကပါ...''

''ဒါဆို ခင်များနဲ့လေးငယ်က တွဲခဲ့ဖူးတာလား...! လေးငယ်က ခင်များနဲ့ ချစ်သူဖြစ်ခဲ့ဖူးတာလား...''

''မဖြစ်ခဲ့ဖူးပါဘူး Kim Jonginရယ်... မင်းယောက်ျားက ဒီလောက်မာနကြီးတဲ့ဟာ... ချစ်သူဖြစ်ဖို့ ဘယ်လွယ်ပါ့မလဲ...''

''ဟုတ်တယ်.... ကျွန်တော့လေးငယ်က အရမ်းမာနကြီးတာ...Park Chanyeolရဲ့...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now