လေးငယ်(7)(Z+U)

3.4K 381 35
                                    

''အမ်!!! မင်္ဂလာဆောင်ကို ဖာသာKimအရှေ့ ဘုရားကျောင်းလေးမှာပဲ အကျဉ်းရုန်းလုပ်မယ် ဟုတ်လား...! ဒီမှာ Oh Sehun...! ငါတို့သားက ရွှေလင်ပန်းနဲ့အချင်းဆေး မင်းမွေးတဲ့သား မဟုတ်ပေမဲ့ ငါတို့အိမ်မှာတော့ ငါသားက မင်းသားပဲဟဲ့...! ရတယ်...! မင်္ဂလာစရိတ်ကို နင်တို့ဘက်က မတတ်နိုင်ရင် ငါတို့ဟာငါတို့ အကုန်ခံမယ်...''

''အေး! ငါ့ဘက်ကတော့ လိုက်လျောနိုင်တာ အဲ့ဒီလောက်အထိပဲ...! အဲ့ဒါမှ မကျေနပ်လည်း မတတ်နိုင်တော့ဘူး..''

သူဒီလောက် လိုက်လျောပေးထားသည်ကို မကျေနပ်နိုင်တဲ့ Junmyeonကြောင့် စိတ်တိုလာသဖြင့် Sehunလည်း ဘုတောပစ်လိုက်ပါသည်။

''နင်...နင်... Oh Sehun...!''

''Myeonရယ်... ကြားထဲက ငါပဲထပ်တောင်းပန်ပါတယ်... ငါလည်း ငါ့မောင်လေးရဲ့ မင်္ဂလာပွဲကို ခန်းမမှာ အကြီးအကျယ်လုပ်ချင်ပါတယ်...ဒါပေမဲ့...''

''ဘာဒါပေမဲ့လဲ...? လုပ်ချင်ရင် လုပ်မယ်လေ...Minseok...!''

''ဒါပေမဲ့.... ငါ့မောင်ရဲ့ အသက်အရွယ်နဲ့....နင့်သား....''

အာ____ဟုတ်သားပဲ....! သားနဲ့Sehunက အသက် ဆယ့်ခုနစ်နှစ်လောက် ကွာနေတဲ့ဟာ...

ထိုအခါမှ Junmyeon သဘောပေါက်သွားခဲ့ပြီး

''ပြီးရော...အဲ့ဒါဆိုလည်း....''

°~°~°~°~°~°~°~°~°~°~°~

ဘုရားကျောင်းတွင် နှစ်ဘက်မိဘများအရှေ့ လက်ထပ်ပွဲကျင်းပပြီးမြောက်ခဲ့ပါသည်။

''အဟင့်...ဟင့်.... သားလေး...သားလေးက  ဦးငယ်စကားနားထောင်နော်...! သားဦးငယ်ကို ရိုသေရမယ် လေးစားရမယ်...ကြားလား သား...! Ommaတို့က သားလေးကို ဆိုင်သာဆိုင်တယ် မပိုင်တော့ဘူး... ဒီနေ့ဒီအချိန်ကစပြီး ဦးငယ်က သားကိုပိုင်သွားပြီ ကလေးလေး...! အဟီး...ဟီး...ဟီး...''

Ommaက သူ့ကို သိပ်ချစ်တဲ့သူမို့ မျက်ရည်လည်ရွှဲဖြင့် မှာစရာရှိသည်များကို မပြီးနိုင်မစီးနိုင်မှာနေပါသည်။

''စိတ်ချပါOmma! သား Ommaစကားကို နားထောင်မှာပါ....''

သူတို့သားအမိကိုကြည့်ပြီး

''Yebo..! မင်းရဲ့သားက Sehunနဲ့ အိမ်ထောင်ပြုသွားတာနော်...!''

''ကျုပ်သိပါတယ်...! အခုကျုပ်က ဘာဖြစ်နေလို့လဲ...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now