လေးငယ်(15)(Z+U)

3.9K 376 29
                                    

JI Entertainment၏ မန်နေဂျာရုံးခန်းထဲ၌ သူတို့နှစ်ယောက် ရောက်နေသည်။

''စောင့်ခိုင်းထားရတာ အားနာလိုက်တာ...Kim Jongin shi... ကိုယ်အရေးပေါ် အစည်းဝေးဖြစ်သွားလို့ပါ''

''ရပါတယ် ကျွန်တော်တို့ရောက်နေတာ သိပ်မကြာသေးပါဘူး... ဒါက ကျွန်တော့ရဲ့အုပ်ထိန်းသူ Oh Sehunပါ''

''ဟုတ်..! ကျွန်တော်က ဒီအေဂျင်စီရဲ့ မန်နေဂျာချုပ် JooSehoပါ တွေ့ရတာ ဝမ်းသာပါတယ် Oh Sehun shi...''

''ကျွန်တော်လည်း ဝမ်းသာပါတယ် JooSeho shi! လိုရင်းပဲပြောကြတာပေါ့... ကျွန်တော်တို့ ဖုန်းထဲမှာပြောထားတဲ့အတိုင်း Kim Jonginရိုက်ရမဲ့ ဇာတ်ညွှန်းရယ်... အတူသရုပ်ဆောင်မဲ့ Main castရယ် သိချင်ပါတယ်...''

''အာ____ခဏလေးပါနော် ဒါရိုက်တာကြီး လာနေပါပြီ...''

°~°~°~°~°~°~°~°~°~°~°~

''ကျွန်တော်က ဒါရိုက်တာ ဘတ်ထယ်ဟိုပါ...''

''တွေ့ရတာဝမ်းသာပါတယ် ကျွန်တော် Oh Sehunပါ ''

''Kim Jonginပါ...''

''ဒါက အခု Kim Jonginကို သရုပ်ဆောင်ဖို့ကမ်းလှမ်းထားတဲ့ စာရေးဆရာ Doh Kyungsooရဲ့ မူရင်းဝတ္ထုပါ...''

သူတို့အရှေ့ချပေးသည့် ကြည်ပြာနုရောင် စာအုပ်လေးတစ်အုပ်... စာအုပ်အဖုံးလေးပေါ်တွင်တော့ Sugar Daddyဆိုသည့် အနက်ရောင်ခေါင်စဉ်စာတန်းလေးက ထင်းနေသည်။

''ဒီဇာတ်လမ်းရဲ့ Daddyနေရာမှာ သရုပ်ဆောင်မဲ့ Main castကတော့ ခင်များတို့လည်း သိမှာပါ... မိန်းကလေးတွေရဲ့ idea typeဆိုပြီး တင်စားကြတဲ့  Holly Woodမင်းသားPark Chanyeolပါ...''

''Park Chanyeol....''

နာမည်ကြားသည်နှင့် နှစ်ယောက်သား မျက်လုံးတွေပြူးပြီး အံ့အားသင့်သွားပါသည်။

Park Chanyeolဆိုတာ အသက်လေးဆယ်ကျော်အထိ ရုပ်ရှင်ဈေးကွက်မှာ ဘောင်ဝင်တန်းဝင် နေရာရနေသေးသည့် မင်းသားကြီးတလက်...! အနုပညာဝမ်းစာပြည့်နှက်နေပြီး သရုပ်ဆောင်မှော်ဝင်နေသည်ဟုတောင် တင်စားထားကြသည့် ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဖြစ်ပါသည်။

''Park Chanyeolက သူ့ဘဝမှာ တခါမှမလုပ်ဖူးသေးတဲ့ Characterမို့လို့ စိန်ခေါ်ကြည့်ချင်တယ်ဆိုပြီး ဒီဇာတ်ကို လက်ခံလိုက်တာ...''

လေးငယ်(လေးငယ်)(completed)Onde as histórias ganham vida. Descobre agora