လေးငယ်(48)+++(Z+U)

6.2K 337 69
                                    

''သြော်...ကဲ အချစ်ဓါးပြတိုက်မှာပါဆိုမှ ဘယ်လိုလုပ် ဖယ်ပေးလို့ဖြစ်မှာလဲ...! ကျွန်တော်တောင်းပန်ပါတယ် လေးငယ်ရယ်...! ကျွန်တော့ကို နောက်တစ်ကြိမ်လောက် အခွင့်အရေးပေးပါဦးနော်...''

''ဖယ်စမ်းပါ...! ငါပင်ပန်းနေပြီ အနားယူချင်တယ်...''

''လေးငယ်ကလည်း...''

''ကိုယ်အိပ်ချင်နေပြီ...''

''အဟင်း...ကျွန်တော်ချော့သိပ်မယ်လေ...''

°~°~°~°~°~°~°~°~°~°~°~°~

လေးငယ်ကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ပြီး ထွေးသိပ်ထားပါသည်။

သူ့နှလုံးသားထဲ၌ လိုအပ်လစ်ဟာနေတဲ့ခံစားချက်မရှိ ပြည့်စုံသွားခဲ့ပြီ

''လေးငယ်……''

''အွန်း..''

''ခုနက ပြောလက်စ စကားကို ဆက်ပြောလေ...''

''…………''

''လေးငယ်လို့...''

''ဘာပြောရမှာလဲ ခွေးကလေးရဲ့...''

''ကျွန်တော့ကို ချစ်ဖူးလား...''

''မင်းဘယ်လိုထင်လဲ Kim Jongin...''

ရင်ခွင်ထဲကလေးငယ်က သူ့မျက်နှာကိုမော့ကြည့်ရင်း အကြည့်ခြင်းဆုံစေပြီး မေးသည်။

''လေးငယ် ကျွန်တော့ကိုချစ်တယ်...''

''ဟုတ်တယ်...! ကိုယ်မင်းကို အရမ်းချစ်တယ်... Kim Jongin...! မင်းထင်ထားတာထက်ကို ပိုချစ်ပါတယ်...''

''ချစ်လိုက်တာ လေးငယ်ရယ်...''

ချစ်ရတဲ့လေးငယ်ကို ပျောက်သွားမှာစိုးသည့်အလား ပိုတိုးလို့ ဖက်ထားမိသည်။

''ခုနက ငါမပြောပဲ ရပ်ထားတယ်ဆိုတာကလေ ဆိုးလ်ကိုပြန်ရောက်မှ ပြောပြမယ်နော်...''

''အခုက ဘာဖြစ်လို့လဲ...''

''ကိုယ်ဒီတခါ တကယ်ပင်ပန်းနေလို့ပါ ကလေးလေးရယ်... နားလည်ပေးပါနော်...''

''အဲ့ဒါဆို မနက်ဖြန်ပြန်ကြမယ်နော်...နော်...''

''အွန်းပါ~~~~''

°~°~°~°~°~°~°~°~°~°~°~°~°~°~°~

''ငါတို့ ဘယ်တော့မှ လမ်းခွဲမှာမဟုတ်ဘူး Junmyeon...! Jonginကို ငါ့တဘဝလုံးစာ ရွေးခြယ်ခဲ့တာမို့... ပြီးတော့ နင်တို့သားကို ငါတကယ်ချစ်တာပါ... ငါ့ကို သားမက်တစ်ယောက်အနေနဲ့ လက်ခံပေးပါ...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now