အတန်းပြီးသွားပြီဖြစ်သဖြင့် နှစ်ယောက်သား ကျောင်းထဲမှ ထွက်လာခဲ့ပါသည်။
''sorry...Jongin...! ငါမင်းနဲ့ လိုက်ပြန်နိုင်မှာ မဟုတ်တော့ဘူး...''
''ဘာလို့လဲ Baekhyun..! ဘယ်သွားစရာရှိလို့လဲ... ငါလိုက်ပို့မယ်လေ...''
''မဟုတ်ဘူး...! ဟိုမှာ ငါ့အိမ်ကကားလာကြိုလို့...''
ထိုအခါမှ Baekhyunတို့အိမ်က အနက်ရောင်ကားကြီးကို သူမြင်ပါသည်။
''အာ____ဟုတ်သားပဲ... Bye Bye...မနက်ဖြန်မှတွေ့မယ် Baekhyun...''
ထိုစဉ်ကားပေါ်မှ Baekhyunနှင့် အတော်တူသော အမျိုးသားကြီးတစ်ဦး ဆင်းလာခဲ့ပါသည်။
''သားBaekနဲ့ သားJong...!''
''Daddy...''
''ဦးလေး... နေကောင်းတယ်နော်..?''
''အေး... ကောင်းပါ့ကွာ... ဒီနှစ်တွေမှာ ငါ့တူကြီးက တအားထွားလာတာပဲ...ချောလည်းချောလာတယ်..''
''အဟီး... ဟုတ်..! ကျေးဇူးတင်ပါတယ်...''
'' Baekhyunကို လာကြိုတာလား...ဦးလေး..''
''ဟုတ်တယ်... မင်းသူငယ်ချင်းက ဦးတို့ကို စိတ်ကောက်နေတာလေ...''
''Daddyကလည်း...''
''ဟုတ်တယ်...!ဦးလေးရဲ့.. Baekhyunက တခါတလေ ကလေးလိုပဲ စိတ်ကောက်တတ်တယ်...''
''ဦးတို့နဲ့ တခါတည်း လိုက်ပြန်ပါလား...သားJong''
''ရတယ်ဦးလေး.... ကျွန်တော့မှာ စက်ဘီးပါသေးတယ်...''
''အေးကွာ... အဲ့ဒါဆိုလည်း ဦးတို့ကို ခွင့်ပြုဦး မင်းအဖေနဲ့အမေရော နေကောင်းကျန်းမာတယ်မလား...''
''ဟုတ် Appaရော Ommaရော နေကောင်းကြပါတယ်...''
''အေး... ဦးကသတိရတယ်လို့ ပြောလိုက်ပါဦး...''
''ဟုတ်ပြောလိုက်ပါ့မယ်...ဦးလေး''
''အဲ့ဒါဆို ဦးတို့ကို ခွင့်ပြုဦးနော်...''
'ဟုတ်ကဲ့... အေးအေးချမ်းချမ်းသွားပါ...''
''Jongin...ငါသွားပြီ...''
''အေး..သူငယ်ချင်း... နောက်မှတွေ့မယ်...''
°~°~°~°~°~°~°~°~°~°~°~°~°~°~
''ဟဲ့သား... လိုအပ်တာတွေအားလုံး ပြည့်စုံပြီလား...''
Baekhyunတို့ မိသားစုကို ထမင်းစားဖိတ်ထားသဖြင့် Ommaတစ်ယောက် မနက်ကတည်းက ပျာယာခတ်နေခြင်း ဖြစ်ပါသည်။