ဆိုင်ရဲ့ အပေါ်ဆုံးထပ်... လေဝင်လေထွက်ကောင်းမွန်ပြီး... Seoulမြို့ကြီးရဲ့ တစိတ်တပိုင်းရှုခင်းတွေကို မှန်နံရံများမှ လှမ်းမြင်နေရသည်။
ဒီအခန်းလေးက သူ့အတွက် အရေးကြီး အရေးပါလှသည့် အထူးဧည့်သည်များအတွက် သီးသန့်စီစဉ်ထားသည့် အခန်းလေး...
ထိုအခန်းလေးထဲတွင်တော့ နုညံ့ပါးလွှာပြီး ပိုးသားလေးလို မထိရက်စရာ ပန်းနုရောင် နှင်းဆီပန်းလေးနှယ် လှပပြီးကျက်သရေရှိလှသည့် အမျိုးသမီးတစ်ဦး ထိုင်နေပါသည်။
''ကျွန်မတကယ်အံ့သြသွားခဲ့တာ Hun...!''
''ကိုယ်တောင်ပန်ပါတယ်...Luhan...''
''ရှင်တို့မင်္ဂလာပွဲအတွက် ကျွန်မစိတ်ရင်းနဲ့ ဂုဏ်ပြုပေးပါတယ်...''
''ကျေးဇူးတင်ပါတယ်...''
''ရှင်ပြောတော့ ရှင့်မှာချစ်သူမရှိဘူးဆို! ကျွန်မကို လျှိုထားတာပေါ့လေ...''
''မဟုတ်ပါဘူး...! ကိုယ်မင်းကိုပြောပြခဲ့တာတွေထဲမှာ လိမ်ညာခဲ့တာ တစ်ခွန်းမှ မရှိခဲ့ဘူး...''
''အဟင်း...ဟင်း... ကျွန်မယုံပါတယ်...''
''အန်ကယ်လ်ကတော့ ကိုယ့်ကို စိတ်ဆိုးနေမှာပေါ့နော်...''
''ကြားကြားခြင်းတုန်းကတော့ စိတ်ဆိုးမယ်ထင်တယ်... အခုတော့ ဘာမှမပြောပါဘူး...''
''ကိုယ်တကယ်အားနာပြီး တောင်းပန်ပါတယ်...''
''မလိုပါဘူးHunရဲ့... ကျွန်မတို့ မိတ်ဆွေသူငယ်ချင်းအဖြစ်တော့ ဆက်ပြီးခင်မင်ခွင့် ရှိတယ်မလား...''
''ကြိုဆိုလျက်ပါပဲ...''
°~°~°~°~°~°~°~°~°~°~°~°~
ဒီရက်တွေမှာ Yixingမျက်နှာမကောင်းတာကို သူမ သတိထားမိပါသည်။
''Yebo..! အလုပ်မှာ အဆင်မပြေဘူးလား...''
''ပြေပါတယ် မိန်းမရဲ့...ဘာဖြစ်လို့လဲ''
''ရှင်တခြားသူကိုသာ လိမ်လို့ရမယ် Yebo..! အနှစ်နှစ်ဆယ်ကျော် ပေါင်းသင်းလာတဲ့ ကျွန်မကို လိမ်လို့မရဘူး''
''ဘာမှ မဖြစ်ပါဘူး မိန်းမရယ်...''
''သူဌေးXiaoနဲ့ အဆင်မပြေဘူးလား...! ဒါမှမဟုတ် ဒီတစ်ခေါက် ရာထူးတိုးတဲ့အထဲ Yeboမပါပြန်ဘူးလား...''