လေးငယ်(19)(Z+U)

4.2K 361 26
                                    

နောက်တနေ့မနက် အေဂျင်စီမှ သူ့အတွက် ကားအကြိုလွတ်ပေးပါသည်။

''အစားကို အချိန်မှန်မှန်စား...! ကိုယ့်အထက် စီနီယာတွေကို လေးလေးစားစားဆက်ဆံ ကြားလား Jongin...''

''အွန်းပါ လေးငယ်ရဲ့... ကျွန်တော်သွားပြီ... ချစ်တယ်နော်~~~''

လေးငယ်အား မကြားတကြာ တိုးတိုးလေး ကပ်ပြောခဲ့ပြီး ကားအနောက်ခန်းမှ တက်ထိုင်လိုက်ခဲ့ပါသည်။

°~°~°~°~°~°~°~°~°~°~°~°~°~

''လူစုံပြီလား...''

ဇာတ်ညွှန်းဖတ်မည့် အခန်းထဲဝင်လိုက်တော့ ဒါရိုက်တာကြီးရဲ့အသံကို သူအရင်ဆုံး ကြားလိုက်ရသည်။

''စုံပြီ...ဒါပေမဲ့ Chanမလာသေးဘူး...''

''အွန်း... အဲ့ဒါဆိုလည်း ရှိတဲ့လူနဲ့ အရင်ဆုံး ဖတ်ထားကြတာပေါ့... Jonginကတော့ Chanကိုစောင့်ရင်းနဲ့ တခြားသူတွေဖတ်တာ နားထောင်နေပါ...''

ဒါရိုက်တာကြီး စကားဆုံးတော့ ဇာတ်ညွှန်းကို စဖတ်လိုက်ကြသည်။

တခြားသူတွေဖတ်တာ ကြည့်ရင်း နားထောင်ရင်း သူညောင်းလာသည်။

ထိုစဉ် ဒါရိုက်တာကြီးရဲ့ မန်နေဂျာက ဖုန်းလေးကိုင်ပြီး အခန်းထဲသို့ပျာပျာသလဲ ဝင်လာပါသည်။

''အခုပဲPark Chanyeolဖုန်းဆက်တယ် ဒါရိုက်တာကြီး...! ဇာတ်ညွှန်းကို သူ့အိမ်မှာပဲ တွဲဖက်မင်းသားနဲ့ သိးသန့်ဖတ်ချင်ပါတယ်တဲ့...''

''ဟာ...ထုံးစံမှမဟုတ်တာ...ပြိးတော့ photo shootingလည်း ရှိသေးတဲ့ဟာ...''

''သူ့အနေနဲ့ ဒီဇာတ်အပေါ်မှာ စွန့်စားထားရတဲ့ အရင်းအနှီးကို ဒါရိုက်တာကြီးကနားလည်ပေးပါတဲ့... ပြီးတော့ ကောင်လေးနဲ့လည်း ပိုပြီး ရင်းရင်းနှီးနှီးရှိချင်လို့ပါတဲ့...''

မန်နေဂျာစကားကြောင့် ဒါရိုက်တာကြီး မျက်နှာပျက်သွားပါသည်။

''မင်းနဲ့ကိုယ် Park Chanyeolရဲ့ အိမ်ကိုသွားရမယ်... အဆင်ပြေရဲ့လား Kim Jongin...''

အဆင်မပြေပါဘူးလို့ ဘယ်လိုပြောရမလဲ

''ရပါတယ် ဒါရိုက်တာကြီးတို့ အဆင်ပြေသလိုလုပ်ပါ...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now