Part 3💚❤️(အခန္းထဲကရန္သူ....)

8.9K 692 12
                                    

Unicode :

"ငါ့နာမည်က Xiao Zhan"

ပစ္စည်းတွေနေရာချပြီးတော့ Xiao Zhanက လက်ပေးပြီးနှုတ်ဆက်လိုက်တယ်။
ဒါပေမဲ့ ဟိုတစ်ယောက်ကတော့ အရေးတောင်မလုပ်ပဲ ရေချိုးခန်းထဲထော့နဲ့ထော့နဲ့ နဲ့ဝင်သွားတယ်။

"ဘဝင်မြင့်ချက်က"

Xioa Zhan တစ်ယောက်တည်းပွစိပွစိရွတ်နေတုန်း......
ရေချိုးခန်းထဲကနေ

"ငါ့နာမည်က Wang Yibo ပြီးတော့ တစ်ယောက်တည်းပွစိပွစိရွတ်မနေနဲ့ နားငြီးတယ်"

"ဟေ့ကောင် မင်းကငါ့အခန်းမှာလဲနေသေးတယ်။ငါ့ကိုများနားငြီးတယ်လေးဘာလေးနဲ့"

"ဒီလိုနေရအောင်ရော ဘယ်သူကလုပ်တာမို့လို့လဲ"

Yiboကပြန်ဟောက်လိုက်တော့ Xiao Zhanတစ်ချက်တည်းငြိမ်သွားလေရဲ့။

ခဏကြာတော့ ရေချိုးခန်းထဲဝင်သွားတဲ့ Yibo ဟာ ခုနကပေပွနေတဲ့ အဝတ်အစားတွေကိုလဲပြီးတော့ အင်္ကျီယူဖို့ အပေါ်ဝတ်မပါပဲတပတ်တစ်ထည်တည်းနဲ့ ထွက်လာတယ်။

ရေစိုနေတဲ့ အပေါ်ပိုင်းဗလာကျင်း six packအပြည့်နဲ့ Yibo ဟာဆွဲဆောင်မှုရှိလှတယ်။

အဲဒီမှာ မီးဖိုခန်းထဲကနေ ရေသောက်ရင်းထွက်လာတဲ့Xiao Zhanလည်းတွေ့ရော လန့်ပြီး ပါးစပ်ထဲကရေတွေ ထွက်ကျကုန်တယ်။

(တော်သေးတာပေါ့ Xiao Zhan ရယ် ဒီတစ်ခါတော့ လန့်ပြီး တစ်ဆောင်လုံး ပြာကျအောင်မလုပ်လို့😂)

Xiao Zhan ကသာလန့်နေတာ ဟိုတစ်ယောက်ကတော့ ဘာမှမဖြစ်သလို။

"ဒါနဲ့နေပါအုန်း မင်းခြေထောက်ကအခုတော်တော်သွားနိုင်နေပြီပဲ ခဏလေးကောင်းသွားသလိုပဲနော်"

"အဲဒါဆို မင်းကငါ့ကိုတစ်ချိန်လုံးကုန်းပိုးထားမလို့လား"

"အဟွတ်....အဟွတ်...."

Yibo စကားကြောင့် Xiao Zhan သောက်နေတဲ့ရေတောင်သည်းသွားတယ်။

"ငါကအဲ့လိုပြောတာမဟုတ်ဘူးလေ ဒီအတိုင်းမေးကြည့်တာကို.....
ပြီးတော့ ပြောရအုန်းမယ်Wang Yibo မင်းနဲ့ငါနဲ့ အတူတူနေရတာဆိုတော့ ယောကျာ်းလေးအချင်းချင်းဆိုပေမဲ့စည်းကမ်းလေးတော့ရှိစေချင်တယ်"

A Story We Created (Completed)Where stories live. Discover now