Part 35❤️💚

3.8K 282 6
                                    

Unicode :

My bABy RaBbiT
Part 35💚❤️

Fei ထွက်မသွားခင်ညက.......(Xiao Zhan Yubin တို့အခန်းဆီရောက်နေတဲ့ညပါနော်)

"Hello"

"ဟုတ်တယ် ငါ Fei"

"အရင်ကဟာတွေကို နောက်ပြန်မရစ်နဲ့တော့ ငါ စိတ်မဝင်စားဘူး"

"ကိစ္စကိုတော့ တွေ့မှပြောကြတာပေါ့"

"OK လေ နေရာကိုတော့ ငါသက်မှတ်ပြီးရင်ပြန်ပြောလိုက်မယ်"

ဖုန်းချလိုက်ပြီးတော့ Fei မျက်နှာပေါ်မှာအပြုံးတစ်ခု။
ဒါပေမဲ့ အဲ့ဒီအပြုံးဟာ ကောင်လေးတစ်ယောက်....မဟုတ်ဘူး....နှစ်ယောက်စလုံးကို နာကျင်စေမဲ့အပြုံးဆိုတာ ဘယ်သူကသိနိုင်မှာတဲ့လဲ။

နေရောင်ပျပျထိုးနေတဲ့ မနက်ခင်းအချိန်
လူသူမနီးတဲ့နေရာတစ်ခုမှာရှိတဲ့ ကော်ဖီဆိုင်လေးတစ်လုံးရှေ့မှာ ယောကျာ်းလေးတစ်ယောက် ပြိုင်ကားတစ်စီးကိုမှီပြီး တစ်စုံတစ်ယောက်ကိုစောင့်နေသည်။
ခဏကြာတော့ ကားအနက်တစ်စီးပေါ်ကနေ ဆင်းလာတဲ့မိန်းမလှတစ်ဦး။
ဂါဝန်အနက်အတိုကိုဝတ်ထားပြီး ကားပေါ်ကနေ ဟန်ပါပါဆင်းလာသည်။
ကားပေါ်ကဆင်းဆင်းချင်းပဲ Fei မျက်မှန်အနက်ကိုမချွတ်ပဲနဲ့ ပတ်ဝန်းကျင်ကိုအရင်ကြည့်လိုက်တယ်။ပြီးတော့ ဆိုင်ထဲကိုဝင်သွားသည်။
Feiကိုမြင်တော့ ပြိုင်ကားဘေးကကောင်လေးဟာလည်း ဆိုင်ထဲကို လိုက်ဝင်လာသည်။

"booking လုပ်ထားတဲ့တစ်ယောက်ပါ"

Fei ပြောပြောချင်းပဲ waiter ကောင်လေးဟာ ဆိုင်ရဲ့ချောင်ကျတဲ့အခန်းတစ်ခန်းထဲကိုခေါ်သွားသည်။
waiter ကို Fei ရေတစ်ခွက်သာမှာလိုက်ပြီး တစ်ယောက်ယောက်ကိုစောင့်နေသည်။
ခဏနေတော့ ခုနကကောင်လေးပဲ အခန်းထဲကိုဝင်လာပြီး

"Fei"

"ဘာမှမပြောပဲနဲ့ ထိုင်နေလို့ရတယ်မလား"

"ရပါတယ် Fei ရယ် ခုလိုခေါ်လိုက်တာကိုပဲကိုယ်ဝမ်းသာနေတာပါ"

" ရပြီ ထပ်ပြောစရာမလိုတော့ဘူး"

Fei အဲ့ဒီကောင်လေးကို စကားဆက်မပြောဖို့ လက်ကာပြလိုက်သည်။
ခဏနေတော့ ရေတစ်ခွက်နဲ့အတူ waiter ကောင်လေးပြန်ဝင်လာပြီး ရေသောက်ပြီးတော့ Fei ဘက်ကပဲ စကားစလိုက်သည်။

A Story We Created (Completed)Where stories live. Discover now