Part 28💚❤️(လမ်းခွဲတွေဟာ ကိုယ့်ကိုဆုံးဖြတ်ရခက်စေတယ်.....)

4.7K 383 10
                                    

Unicode :

"မင်း ဒီနေ့ စောစောပြန်နှင့်လိုက်တော့နော် ငါ တစ်ယောက်ယောက်ကို တွေ့စရာရှိလို့"

"ရတယ်လေ ဒါနဲ့ ဘယ်သူသွားတွေ့မလို့လဲ"

"အရင်က သူငယ်ချင်းပါ ငါ သွားပြီနော် စာကြည့်စရာရှိသေးလို့"

နေ့လည်စာစားပြီးတော့ စားပွဲကနေ Yibo အရင်ထသွားတယ်။

*...Yubin တို့ပြောတော့ Yibo က သူငယ်ချင်းမရှိဘူးတဲ့....
အခုသွားတွေ့မှာ အရင်ကသူငယ်ချင်းဆိုပဲ.....အင်းလေ သူလည်း ဟိုးအရင်က သူငယ်ချင်းတွေရှိရင်ရှိမှာပေါ့....*

"ဟေ့ကောင်တွေ ဟေ့ကောင် သတင်းထူး...သတင်းထူး"

Toilet ကနေပြန်လာတဲ့ Yubin တစ်ယောက် လမ်းမှာကတည်းက အော်လာတယ်။

"တိုးတိုးသာသာ လုပ်စမ်းပါ တစ်ကျောင်းလုံးမင်းအသံချည်းပဲ"

"အဲ့ဒါအရေးမကြီးဘူးကွ။ဟေ့ကောင်တွေသိလား Fei ပြန်လာပြီတဲ့ ငါခုနက toilet မှာတခြားကောင်လေးတွေပြောတာကြားခဲ့တာ"

"ဟင် Fei ဆိုတာ Yibo ရဲ့အချစ်ဦးမလား"

Xiao Zhan သေချာအောင်မေးကြည့်လိုက်တော့

"ဟုတ်တယ် သူတို့နှစ်ယောက်က အထက်တန်းတုန်းကဆို တပူးပူးတတွဲတွဲပဲ။
စာလုပ်လည်း အတူတူ မုန့်စားလည်း အတူတူ ကျောင်းပြန်ရင်လည်းအတူတူ
တော်တော်ချစ်ကြတာ"

Yubin ရဲ့စကားကြောင့် Xiao Zhan မျက်နှာလေး အိုသွားတယ်။

"ဪ အဲ့လောက်တောင်ချစ်ကြတာလား"

"Fei ပြန်ရောက်တာ သုံးလေးရက်ရှိပြီတဲ့ သူက ကျောင်းဘက်ကိုမလာလို့သာ ငါတို့မတွေ့တာ"

"အဲ့ဒါဆို သူတို့နှစ်ယောက်ပြန်တွဲတော့မှပေါ့နော်"

Xiao Zhan ကမေးလိုက်တော့

"အဲ့ဒါက အတပ်ပြောလို့မရဘူးကွ။သူတို့ရဲ့ အတိတ်က ဇာတ်လမ်းတွေရှိသေးတယ်လေ"

Zhuo Cheng က Xiao Zhan ကိုရှင်းပြတယ်။

"ငါ နားစွန်နားဖျားကြားဖူးတာကတော့ Yibo တို့ ပျောက်သွားပြီးတဲ့နောက်ပိုင်း Fei ပေါ်မလာတော့ဘူးလေ။
Fei နိုင်ငံခြားထွက်သွားတယ်လို့ ကြားတော့ Yibo က အတင်းလိုက်ရှာခဲ့သေးတယ်တဲ့။
မသွားဖို့လည်း တောင်းပန်ခဲ့တယ်ပြောတယ်။
ဒါပေမဲ့ Yibo တောင်းပန်နေတဲ့ကြားက Fei အတင်းထွက်သွားခဲ့တာတဲ့။
အဲ့ဒါ Yibo က Fei ကိုစိတ်နာနေတယ်ပြောတာပဲ"

A Story We Created (Completed)Where stories live. Discover now