Part 36💚❤️(မင်းမရှိရင် ငါလည်းမရှိနိုင်တော့ဘူး)

4.1K 309 42
                                    

Unicode :

"Xiao Zhan....ဒီကိုမလာခဲ့နဲ့...ပြေးတော့"

ဆိုတဲ့စကားကြောင့် ပန်းခြံထဲက လူဆီကိုသွားနေတဲ့ Xiao Zhan ခြေလှမ်းတွေရပ်သွားခဲ့သည်။
ဒီအသံ....ဒီအသံကျယ်ကြီးက သူချစ်ရတဲ့ Yibo ရဲ့အသံ....
ဟုတ်တယ်....ဒါဟာ Yibo ရဲ့အသံပဲ....
ဒါပေမဲ့ ဒီအသံက အဲ့ဒီလူဆီကမဟုတ်ဘဲ Xiao Zhan ရဲ့ကျောနောက်နေရာကဖြစ်နေသည်။

*အဲ့ဒါဆို အဲ့ဒီမှာရပ်နေတဲ့လူက ဘယ်သူလဲ.....
Yibo....Yibo သူကရော ဘယ်နေရာရောက်နေပြီး ဘာတွေဖြစ်နေလို့ Xiao Zhan ကိုပြေးခိုင်းနေရတာလဲ။*

ပြီးတော့ သူရော အခုအဆင်ပြေရဲ့လား ဆိုတာXiao Zhan စိုးရိမ်မိသည်။
Yibo ရဲ့အသံကိုကြားနေရပေမဲ့ လူတစ်ကိုယ်လုံးကိုမမြင်ရတာကြောင့် Xiao Zhan ရဲ့ စိုးရိမ်မှုဒီဂရီက တဖြည်းဖြည်းတိုးလာသည်။
အနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့လည်း ဘယ်သူ့ကိုမှမတွေ့ရပေ။
ဟိုနေရာ ဒီနေရာ ကွက်ကျားထွန်းထားတဲ့ လမ်းမီးတွေကြားကို အမှောင်ထုက ဝင်ရောက်စိုးမိုးလျက်ရှိသည်။
အသွားအလာနည်းသည့်ပန်းခြံဖြစ်သည့်အပြင် ညမိုးချုပ်နေပြီဖြစ်တာကြောင့် လူတစ်ယောက်တစ်လေမျှပင် မတွေ့ရပေ။
တဖြည်းဖြည်းနှင့် Xiao Zhan ကြောက်လာသည်က သူ့ကို ဒုက္ခပေးမည်ထက် Yibo တစ်ခုခုဖြစ်နေမည်ကိုသာ။
အမှောင်ဝင်္ကာပါလိုပင်ဖြစ်နေသည့် ပန်းခြံထဲတွင် လေတိုက်၍ သစ်ပင်များယိမ်းထိုးနေသောကြောင့် သရဲအိမ်သဖွယ်ပင်တူနေတော့သည်။
မင်း ဘယ်မှာလဲ Yibo ရယ်...ငါစိတ်ပူလှပြီ။
နောက်ဆုံးတော့ Xiao Zhan တစ်ယောက် အကူအညီရလိုရငြား ခုနကတွေ့လိုက်တဲ့ လူဆီကိုပဲ ပြေးသွားလိုက်သည်။
ဒါပေမဲ့ အဲ့ဒီနေရာကိုရောက်တော့ ခုနက လူလည်းမရှိတော့သည့်အပြင် ဘယ်သူ့ကိုမှလည်းမတွေ့....
သို့သော် ခုံတန်းလေးမှာတော့ ပါဆယ်ဘူးအစိမ်းရောင်လေးကို တွေ့ရသည်။
ထိုအရာလေးကိုကြည့်နေစဉ် အချိန်ခဏလေးအတွင်းမှာပဲ.....

'.....ဒုတ်......'

Xiao Zhan ရဲ့ခေါင်းကို မာကျောတဲ့အရာတစ်ခုခုနဲ့ ရိုက်လိုက်ပြီး နေရာမှာတင်ပဲ Xiao Zhan မေ့လဲသွားကာ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့သည်။

တကယ်တော့ Xiao Zhan အဝတ်အစားလဲနေတဲ့အချိန် Yibo အပြင်ကိုထွက်သွားခဲ့သည်။
အရင်က Yiboရယ် Xiao Zhan ရယ် Yubin တို့နဲ့အတူ သွားခဲ့တဲ့ supercenter ဆီကိုထွက်လာခဲ့ခြင်းသာ.....
Yibo တို့သွားတဲ့နေ့တုန်းက Xiao Zhan camera လိုချင်တယ်လို့ပြောခဲ့တယ်လေ။
ဒါကြောင့်မို့ တစ်နေ့က ဦးလေးဆီကထုတ်ထားတဲ့ပိုက်ဆံနဲ့ Xiao Zhan လိုချင်တဲ့ camera လေးဝယ်ပေးဖို့ Yibo ထိုနေရာသို့ထွက်လာခဲ့ခြင်းဖြစ်သည်။
Xiao Zhan ကို နှစ်သစ်ကူးလက်ဆောင်အဖြစ် surprise ပေးချင်တာမို့ ဘယ်သူ့ကိုမှမပြောပဲ တစ်ယောက်တည်း တိတ်တိတ်လေးထွက်လာခဲ့ရာ ပြန်လာတော့ တခြားသူတွေရှေ့မပေးချင်တာကြောင့် Xiao Zhan ကို ဆိုင်နားလေးကပန်းခြံသို့ခေါ်ဖို့သတိရလိုက်သည်။

A Story We Created (Completed)Where stories live. Discover now