Part 30💚❤️(ကိုယ့္အခ်စ္ဦး.....)

4.4K 365 21
                                    

Unicode :

ကျောင်းဆေးပေးခန်းရဲ့ကုတင်ပေါ် မှာ ကောင်လေးတစ်ယောက်ဟာ ဆေးအရှိန်နဲ့အိပ်ပျော်နေသလို သူ့ဘေးနားမှာလည်း သူ့ကိုစိုးရိမ်တကြီးနဲ့ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။

*မြန်မြန်သက်သာပါတော့ Xiao Zhan ရယ်......
မင်းဒီလောက်ဖျားနေတာကို ငါ့ကိုဘာလို့မပြောပြရတာလဲကွာ....
ငါကဒီလောက်တောင်မင်းအတွက်အရေးမပါတဲ့သူလား Xiao Zhan ရယ်....
ငါမင်းကိုဘယ်လောက်တောင်စိတ်ပူနေမလဲဆိုတာ မင်းမတွေးမိဘူးလား။
မင်းမရှိရင် ငါဘယ်လိုလုပ်ပြီးပျော်နိုင်မှာလဲ.....*

အဖျားရှိန်ကြောင့် ထင်ပါရဲ့...
Xiao Zhan ရဲ့လက်လေးတွေ ပူနွေးနေတယ်။
အားမရှိတဲ့ ဖြူဖျော့ဖျော့မျက်နှာလေးပေါ်မှာ အရင်က ပန်းနုရောင်သန်းခဲ့ဖူးတဲ့ နှုတ်ခမ်းပါးလေးဟာ အခုတော့ ခြောက်သွေ့နေပြီ။
Yibo ကြည့်နေရင်းမှာပဲ အဲ့ဒီနှုတ်ခမ်းများလေးတွေလှုပ်ရှားလာပြီး မျက်လုံးလေးတွေ တဖြည်းဖြည်းပွင့်လာတယ်။

"Xiao Zhan နိုးလာပြီလား"

Xiao Zhan ဘာမှမပြောပဲနဲ့ ထထိုင်လိုက်ပြီးအဝေးကိုပဲစိုက်ကြည့်နေတယ်။

"Xiao Zhan ဘာဖြစ်လို့ မင်းနေမကောင်းတာကို ငါ့ကိုမပြောတာလဲ"

Yibo ရဲ့မေးခွန်းကြောင့် Xiao Zhan အဝေးကိုကြည့်နေရာကနေ Yibo ကိုလှည့်ကြည့်လိုက်တယ်။

*ငါဘယ်လိုလုပ်ပြီး မင်းကိုပြောထွက်မှာလဲ။
ငါပြောလိုက်ရင် မင်းကအရင်လိုဂရုစိုက်ပေးအုန်းမှာမလား။
မင်းဘက်က သူငယ်ချင်းတစ်ယောက်လိုကူညီပေးပေမဲ့ ငါ့ဘက်ကမရိုးသားတဲ့စိတ်တွေကို ငါမထိန်းချုပ်နိုင်ဘူး။
ဒီလိုနဲ့ ငါမင်းကို လက်မလွှတ်နိုင်တော့ရင် ဘယ်လိုလုပ်မလဲခရမ်းသီးရဲ့....*

"ငါဘာမှမဖြစ်လောက်ဘူးထင်လို့ မင်းကိုမပြောပဲနေလိုက်တာ။ရတယ် ငါအခုသက်သာသွားပြီ"

" ဘာမှမဖြစ်လို့ပဲ မူးလဲသွားတာလား။ငါ ဘယ်လောက်စိုးရိမ်လိုက်ရတယ်ဆိုတာမင်းမသိဘူးလား"

"ရတယ် အဲ့လောက်ထိစိုးရိမ်မနေပါနဲ့။ငါယောကျာ်းလေးပဲ ဒီလောက်တော့ခံနိုင်ရည်ရှိပါတယ်"

A Story We Created (Completed)Where stories live. Discover now