Part 37💚❤️(မင္းဘာမွမျဖစ္ဘူးဆိုတာ ငါယံုပါရေစ)

3.9K 314 65
                                    

Unicode :

Yibo ဆီကို Xiao Zhan ပြေးသွားလိုက်တဲ့အချိန်မှာပဲ Wang Qi Cheng က Xiao Zhan ကို ချိန်၍ သေနတ်ပစ်လိုက်သည်။
သို့သော်လည်း 'ဒိုင်း'ဆိုသော ကျယ်လောင်သည့် သေနတ်သံနှင့်အတူ Xiao Zhan အစား Yibo ကသာလျှင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

တကယ်တော့ Xiao Zhan ပြေးလာလျှင်လာချင်းပဲ Qi Cheng က Xiao Zhan ကိုချိန်နေသည်ကိုမြင်ရသော Yibo က ချစ်ရသူ Xiao Zhan ကို တွန်းထုတ်ကာ ကိုယ်စား ဝင်ခံလိုက်ခြင်းဖြစ်သည်။
အရွယ်ပင်သေးငယ်သော်လည်း သတ္တဝါတို့၏ အသက်ကိုပင်နှုတ်ယူနိုင်စွမ်းရှိသည့် ကျည်ဆံငယ်သည် Yibo ၏ ညာဘက်ရင်အုံကို ဖြတ်ဝင်နစ်မြုပ်သွားသည်။
နဂိုကပင် အားမရှိ၍ ယိုင်နဲ့နေသော Yibo သည် ကျည်ဆံဒဏ်ရာကြောင့် မြေပြင်ပေါ်သို့ လဲကျခွေယိုင်သွားသည်။

Xiao Zhan ကို တွန်းထုတ်လိုက်သည်ကြောင့် Xiao Zhan သည်လည်း မြေပြင်ပေါ်လဲကျသွားခဲ့ပြီး သေနတ်သံကြောင့် Yibo ဒဏ်ရာရသွားပြီဖြစ်ကြောင်း သိလိုက်ရကာ ချက်ချင်းဆိုသလိုပင် Yibo ဘေးကို ပြေးသွားကာ လဲကျနေသော Yibo ကို ပွေ့ဖက်လိုက်သည်။
ထိုအချိန်တွင် Wang Qi Cheng ကတော့ သူတစ်သက်စာ လက်စားချေချင်ခဲ့သည့် အကြွေးကို အောင်နိုင်ခဲ့ပြီဖြစ်သောကြောင့် အားရဝမ်းသာစွာရယ်လေသည်။

သို့သော်လည်း Xiao Zhan သည် မိမိကို ထိုလူဆိုးက ပစ်သတ်မည်ထက် Yibo ဒဏ်ရာရနေသည်ကို သွေးတိတ်အောင် လုပ်ပေးရန်သာ ခေါင်းထဲတွင်ရှိသည်။

"Yibo...Yibo...မင်း ဘာမှမဖြစ်ဘူးမလားဟင်...Yibo...Yibo..သတိကပ်အုန်းလေ....ငါပြောတာကြားလား...."

Yibo သည် အမြဲတမ်းလိုလိုပင် မည်သည့်အခက်အခဲရှိသည်ဖြစ်စေ Xiao Zhan ၏ရှေ့တွင် ပြုံးလျက်သာ နေမြဲနေချင်ခဲ့သည်။
Xiao Zhan ကိုသာ ပြုံးစေလျက် သူကသာပင် ဒုက္ခမျိုးစုံကို ခါးစည်းခံချင်သူဖြစ်သည်။
အခုလည်း သေလုမြောပါးဒဏ်ရာပင် ရနေသော်လည်း Xiao Zhan ၏ရှေ့တွင်တော့ သွေးချင်းချင်းနီနေသည့် အပြုံးပန်းတစ်ပွင့် ပန်ဆင်ထားဆဲပင်။
ချစ်သူအတွက် အပြုံးတစ်ခုကို အားယူဖန်ဆင်းကာ

"Xiao...Xiao Zhan....မင်းဘာမှမဖြစ်ဘူးမလား....ငါ...ငါလည်း...အဆင်ပြေပါတယ်"

ပါးစပ်မှ မည်မျှပင် အဆင်ပြေသည်ဟုဆိုနေသော်ငြား အသက်ပင်လုရှူနေရသော Yibo ၏အခြေအနေကြောင့် Xiao Zhan မျက်ရည်ပေါက်များက အတားအဆီးမရှိ ကျဆင်းလာသည်။

A Story We Created (Completed)Where stories live. Discover now