Part 29💚❤️(လူကိုပင်ပန်းစေတဲ့အချစ်....)

4.6K 411 21
                                    

Unicode :

မနေ့ညက Xiao Zhan အိပ်လို့မပျော်ခဲ့ဘူး။
Yibo အခန်းထဲဝင်လာတာကို Xiao Zhan သိနေခဲ့ပါတယ်။
ဒါပေမဲ့ ခုနက Yibo ကိုအော်မိခဲ့တာ တောင်းပန်ဖို့ ဘာကြောင့်မှန်းမသိ သူ့နှုတ်ခမ်းဖျားတွေက ဆွံ့အနေမိတယ်။
မျက်ရည်တွေစိုစွတ်နေတဲ့ ခေါင်းအုံးလေးကတော့ 'သတ္တိရှိလိုက်စမ်းပါ ယုန်ပေါက်လေးရယ်'လို့ ပြောနေသလိုလို......
ဟိုလှိမ့် ဒီလှိမ့်နဲ့ အိပ်မရတော့တဲ့ အတူတူ Xiao Zhan အပြင်ကိုထွက်ဖို့ ထလာခဲ့တယ်။
လိုက်ကာလေးကို အသာလှပ်ကြည့်လိုက်တော့ တစ်ဖက်ကိုလှည့်ပြီး အိပ်ပျော်နေတဲ့ Xiao Zhan ချစ်ရတဲ့သူ.......
မီးဖိုထဲကနေ ကော်ဖီတစ်ခွက်ဖျော်လာပြီး ပြတင်းပေါက်ရှေ့မှာ ငိုင်တိုင်တိုင်နဲ့ရပ်နေမိတယ်။
ဘယ်သူမှမရှိတဲ့ ညသန်းခေါင်ကြီးမှာ လမ်းမီးတိုင်လေးကတော့ အစွမ်းကုန်ထွန်းလင်းနေဆဲ....

*......မီးတိုင်လေးရေ ငါနဲ့အဖော်ပြုပေးပါလား။
ငါအရမ်းအထီးကျန်နေလို့ပါ။ငါ အခုဘာလုပ်ရမလဲကွာ။
ငါတို့နှစ်ယောက်က မဖြစ်နိုင်မှန်းသိပေမဲ့ ငါ သူ့ကို ဆက်ပြီးချစ်နေချင်တယ်။
ဒါပေမဲ့လည်း သူ့ရဲ့ဂရုစိုက်မှုတွေ သူနဲ့ငါ့ကြားမှာရှိတဲ့ သူငယ်ချင်းသံယောဇဉ်ကို အလွဲသုံးစားလုပ်တယ်ဆိုပြီး ငါ့ကိုအထင်လွဲသွားမှာလည်းကြောက်တယ်။
သူ့ရှေ့ရောက်ရင်လည်း သူ့ကိုရင်မဆိုင်ရဲတဲ့အပြင် သူမကြိုက်မိတာတွေလုပ်နေမိပြန်ပြီ။
ငါဘယ်လိုလုပ်ရမလဲကွာ။
ငါဘာတွေလုပ်နေလဲဆိုတာ ငါကိုယ်တိုင်လည်းနားမလည်နိုင်တော့ဘူး......*

တစ်ညလုံး ကော်ဖီသောက်ရင်း ပြတင်းပေါက်လေးကိုပဲငေးကြည့်နေခဲ့တဲ့ Xiao Zhan နာရီလက်တံက 5 ဆိုတဲ့နေရာကိုရောက်မှ ပြန်အိပ်ဖို့သတိရတော့တယ်။
နေမကောင်းဖြစ်တာပျောက်ကာစဆိုတော့ အိပ်ရေးပျက်ပြီး ခေါင်းထဲ မူးဝေဝေဖြစ်နေတယ်။
အခန်းထဲကို ယိုင်တိယိုင်တိုင်နဲ့ မနည်းပြန်ဝင်လာပြီး အိပ်ဖို့ကြိုးစားတယ်။

Yibo မနက်အိပ်ရာနိုးလာတော့ စောင်ခြုံလေးနဲ့ ကွေးကွေးလေးအိပ်နေတဲ့ ယုန်ပေါက်လေး..
ဒီနေ့မနက်ခင်းတော့ Yibo မနက်စာပြင်ရမဲ့အလှည့်မလို့ စောစောထရမယ်။
မနက်စာအတွက် ယုန်ပေါက်လေးဖို့ အပြောင်းအလဲဖြစ်အောင် cereal အစား ပေါင်မုန့်ကြက်ဥကြော်နဲ့ coffee လေးဖျော်ထားတယ်။
ပေါင်မုန့်ကြက်ဥကြော်က ဆိုင်မှာ chef လုပ်တာမြင်ဖူးပေမဲ့ တစ်ခါမှသေချာမလုပ်ဖူးတော့ မလုပ်တတ်လုပ်တတ်နဲ့ အစွမ်းပြထားတယ်။
ဟူး.... အမှိုက်တောင်းထဲကို မဲတူးနေတဲ့ပေါင်မုန့်ဆယ်ချပ်နဲ့ ကြက်ဥခွံငါးလုံးရောက်သွားပြီးတဲ့နောက်မှာတော့ နှစ်ယောက်စာ စားလို့ဖြစ်တဲ့ ပေါင်မုန့်ကြက်ဥကြော်လေးနှစ်ချပ်ရလာပြီ....
ခဏနေတော့ ကျောင်းuniform ဝတ်ထားတဲ့ Xiao Zhan အခန်းထဲက ထွက်လာတယ်။

A Story We Created (Completed)Where stories live. Discover now