Part 32💚❤️(ဟုတ်တယ် ငါမင်းကို....)

4.6K 432 32
                                    

Unicode :

Yibo အပြင်ကိုပြေးထွက်လာပေမဲ့ ဘယ်နေရာကိုသွားလို့သွားရမှန်းမသိ....
Fei နဲ့က သူနိင်ငံခြားကိုပြန်လာပြီးမှ တွေ့ရတာဆိုတော့ အရင်ကနေရာမှာပဲနေတာလား
တခြားနေရာကိုပြောင်းသွားပြီးလားဆိုတာ Yibo လည်းမသိ.....
ဒါပေမဲ့ အခုလောလောဆယ်တော့ သူ့အရင်အိမ်ကိုပဲသွားရှာကြည့်ရမယ် ဆိုပြီး ထွက်လာခဲ့လိုက်တယ်။
လမ်းမပေါ်ကို ရောက်ရောက်ချင်းပဲ taxi တစ်စီးကိုငှားလိုက်ပြီး driver သမားကို လိပ်စာပြောပြလိုက်တယ်။
လမ်းမပေါ်မှာတော့ လူတွေ ပျားပန်းခတ်သွားလာနေဆဲ။
ဆိုင်တွေပေါ်မှာတော့ အနီရောင်မီးပုံးလေးတွေ ချိတ်ဆွဲထားတယ်။
မီးပုံးဆိုမှသတိရမိတယ်.....ဘာလိုလိုနဲ့ နှစ်သစ်ကူးတောင်ရောက်တော့မှာပါလား။
အလွန်ဆုံး သုံးပတ်လောက်ပဲလိုတော့တယ်။
Yibo တို့ကျောင်းရဲ့ စာမေးပွဲကြီးနဲ့ ထူးချွန်ဆုအတွက် ဖြေပြီးသွားရင် Yibo တို့ first year တစ်နှစ်ပြီးသွားပြီ။
စာမေးပွဲလည်းပြီးရော နှစ်သစ်ကူးရုံးပိတ်ရက်တွေလည်းရောက်ပြီ။
အဝေးကိုရောက်နေတဲ့ မိသားစုဝင်တွေအကုန် ပြန်ဆုံကြရမဲ့အချိန် ကျောင်းသားတွေလည်း ကျောင်းပိတ်ရက်အတွင်း မိဘတွေဆီပြန်ကြတော့မယ်။
ဒီလိုဆို ယုန်ပေါက်လေးနဲ့ခွဲရအုန်းမှာပဲ။
အဲ့ဒီရက်တွေကို Yibo တစ်ယောက်တည်းအထီးကျန်စွာ ဖြတ်သန်းရအုန်းမယ်။
အခုလောလောဆယ်တော့ Fei ရဲ့ပြဿနာကအရေးကြီးတယ်။
ဒီတစ်ယောက် နိုင်ငံခြားကိုမြန်မြန်ပြန်မှ အေးမှာ.....
သူ့ကြောင့်မို့လို့ Xiao Zhan နဲ့တွေ့ရမဲ့အချိန်တွေတောင် လျော့သွားသလို ခံစားရတယ်။
အခုလည်း ညကြီးမိုးချုပ် ဘာဖြစ်ပြန်ပြီလဲမသိဘူး။
ကိုယ့်ရဲ့အချစ်ဦး ကိုယ့်အပေါ်ကိုကောင်းခဲ့တဲ့သူမို့သာ သည်းခံနေရတာ သာမန်လူသာဆို Yibo အရင်လိုစိတ်နဲ့ လှည့်တောင်ကြည့်မိမှာမဟုတ်။
ကား တုံ့ခနဲ ရပ်သွားတာကြောင့် ပတ်ဝန်းကျင်ကိုသတိထားမိတော့ ကားပျက်သွားခြင်းသာ.....
Driver သမားကတော့ ကားကိုတစ်ချက်ကြည့်လိုက်ပြီး Yibo ဆီပြန်လာတယ်။

"ကားက workshop ကိုအပ်မှအဆင်ပြေမှာ အဲ့ဒါ ပိုက်ဆံတစ်ဝက်ပြန်ယူပြီးတော့ပဲ သား သွားရမဲ့နေရာကို သွားလိုက်ပါလား"

A Story We Created (Completed)Where stories live. Discover now