Part 8💚❤️

6.9K 567 14
                                    

Unicode :

mtjj တွေ Xiao Zhan တို့အဆောင်ရှေ့မှာ စောင့်နေတယ် ဆိုတဲ့ သတင်းကို Yibo ကြားကြားချင်းပဲ အချိန်ပိုင်းအလုပ်ကိုတောင်မသွားတော့ပဲ အဆောင်ကိုပြန်လာခဲ့တယ်။
Yibo က သူ့fan တွေအကြောင်းသူအသိဆုံးဆိုတော့ Xiao Zhan ကိုတစ်ခုခုလုပ်လိမ့်မည် ကိုစိုးရိမ်သည်။
သူတို့လေးတွေက Yibo ကိုဆို အရမ်းချစ်တာမဟုတ်လား။
ထင်တဲ့အတိုင်းပင် အဆောင်ရှေ့ရောက်တော့ Xiao Zhan နဲ့သူ့ရဲ့ fanတွေကိုတွေ့လိုက်ရတယ်။

"Xiao Zhan ရေ အဲဒီမှာဘာလုပ်နေတာလဲ ငါ့ကိုစောင့်နေတာလား ငါနောက်ကျသွားတယ်"

ဆိုပြီး Yibo Xiao Zhan ဆီပြေးသွားလိုက်တယ်။
Xiao Zhan ကတော့ သူ့ကို ဘုကလန့်ပဲပြောတတ်တဲ့ Yibo ကဒီလိုစကားတွေပြောနေတော့ မတ်တတ်ပင်မေ့ချင်သလို။

"ge geနဲ့သူနဲ့က အတူတူနေတာဆို"

ခုနက Xiao Zhan ကိုလှမ်းခေါ်တဲ့ကောင်မလေးကပဲ Yibo ကိုမေးလိုက်တယ်။

"ဟုတ်တယ်လေ သူနဲ့geနဲ့က အတူတူနေတာ ဘာဖြစ်လို့လဲ"

ဒီတစ်ခါတော့ ဆွံအသွားတာ mtjj လေးတွေပါ။
သူတို့ကိုဆို တစ်ခါမှစကားကောင်းကောင်းမပြောဖူးတဲ့ Yibo ကအခုဒီလိုပြောနေတော့
သူတို့မှာ ပျော်လည်းပျော်သလို အံ့လည်းအံ့သြနေရှာတယ်။
Xiao Zhan တို့နှစ်ယောက်ထွက်သွားတော့

"ဟဲ့ ge ကတကယ်ကြီး ငါတို့ကို ချိုချိုသာသာလေးပြန်ပြောလိုက်တာလား"

ကောင်မလေးတစ်ယောက် သူ့သူငယ်ချင်းကို လက်နဲ့ပုတ်ပြီးမေးလိုက်တယ်။
ပြန်ဖြေသံမကြားလို့ လှည့်ကြည့်လိုက်တော့ ဟိုတစ်ယောက်ကလည်း တောင့်တောင့်ကြီးရပ်နေတယ်။
သူတို့ထဲက ခေါင်းဆောင်ဖြစ်ပုံရတဲ့တစ်ယောက်က

"အင်း..... ge တစ်ယောက် Fei Fei ထွက်သွားပြီးကတည်းက ဒီလိုပုံစံပြန်ဖြစ်တာ ဒါပထမဆုံးပဲ။ဒါပေမဲ့ အရင်လိုမျိုး အချိန်တွေများပြန်ရောက်လာမှာလား။
ငါပျော်လည်းပျော်ချင်တယ်။မပျော်လည်းမပျော်ချင်ဘူးဟာ"

"ဟဲ့ဟဲ့ နင်တို့လိုင်းဖွင့်ပြီး အခုကြည့်လိုက်"

ဖုန်းကြည့်နေရင်း အံ့သြနေတဲ့fanတစ်ယောက်က လှမ်းအော်လိုက်တော့ အားလုံးဖုန်းကိုယ်စီထုတ်ကြည့်ကြတယ်။
သူတို့ New Feed မှာတက်လာတာကတော့
ညနေခင်း PE အချိန်တုန်းက ရိုက်ထားတဲ့ Xiao Zhan နဲ့ Yibo တို့ရဲ့ပုံတစ်ချို့........
Xiao Zhan ကနံရံကိုမှီထားပြီး Yibo ကသူ့ကိုအပေါ်ကအုပ်မိုးထားတဲ့ပုံတွေ.........
တခြားလူတွေအတွက်တော့ ဒါဟာသာမန်ပုံဖြစ်နေပေမဲ့ mtjj လေးတွေအတွက်တော့ စိုးရိမ်စရာကိစ္စကြီးတစ်ခုပါပဲ။

A Story We Created (Completed)Where stories live. Discover now