Part 19💚❤️

5.1K 418 16
                                    

Unicode :

Xiao Zhan မေးခွန်းမေးမယ်လည်းလုပ်ရော Yibo ဆီကို ဖုန်းဝင်လာတယ်။

"ဗျာ ဦးလေး accident ဖြစ်လို့ဆေးရုံတင်ထားရတယ် ဟုတ်ကဲ့ ကျွန်တော်အခုပဲလာခဲ့ပါမယ်"

Yibo ရဲ့စကားကြောင့် Xiao Zhan ရဲ့နှုတ်ခမ်းဖျားလေးတွေဟာ မေးခွန်းမစခင်မှာပဲ ငြိမ်သက်သွားခဲ့တယ်။

"Xioa Zhan ခုနကဘာပြောစရာရှိလို့လဲ မြန်မြန်ပြော ငါ အခုဆေးရုံကိုသွားမှဖြစ်မယ်"

"ရပါတယ် ငါပြောမှာအရေးကြီးတာမှမဟုတ်တာ အခုဘာဖြစ်တာလဲ ဆေးရုံကဘာလို့မင်းကိုဖုန်းဆက်တာလဲ"

"ငါအလုပ်လုပ်တဲ့သူဌေးဦးလေး accident ဖြစ်လို့ဆေးရုံတင်ထားရတယ်တဲ့ ph call တွေထဲမှာ ငါ့နာမည်ကိုတွေ့လို့ဆေးရုံကခေါ်လိုက်တာတဲ့ ငါအခုသွားမှဖြစ်မယ်"

"ငါရောလိုက်ခဲ့ပေးမယ်လေ မင်းအဖော်ရအောင်"

"ရပါတယ် မင်းပင်ပန်းနေလိမ့်မယ် ငါတစ်ယောက်တည်းပဲtaxi ငှားသွားလိုက်မယ်"

"လာပါ ငါလည်း လိုက်ခဲ့ပါမယ် "

ဆိုပြီး Xiao Zhan taxi ငှားဖို့ Yibo ရဲ့လက်ကိုဆွဲပြီးထွက်လာခဲ့တယ်။
ဒီတော့ Yibo လည်း ထပ်ငြင်းနေရင် သူ့ယုန်ပေါက်စိတ်ကောက်သွားမှာစိုးတာနဲ့ပဲ ဒီအတိုင်းအသာငြိမ်နေလိုက်တယ်။

Beijing Hospital
ဆေးရုံဝန်းထဲကို taxi တစ်စီးဝင်လာတယ်။
taxiရပ်လိုက်တော့ ကားပေါ်ကနေ ကျောင်းဝတ်စုံနဲ့ကောင်လေးနှစ်ယောက်ပြေးဆင်းသွားပြီး ဆေးရုံ လူနာလက်ခံတဲ့ counter ဆီကိုအပြေးအလွှားသွားကြတယ်။

"ဒီမှာ ခုနကမှ accident ဖြစ်လို့ရောက်လာတဲ့ လူနာ Li Fu Wei ရှိလားဗျ"

"ဟုတ်ကဲ့ ဒုတိယထပ် အရိုးအကြောဌာန မှာမေးကြည့်ပါရှင်"

အဲဒါနဲ့ပဲ Yibo နဲ့ Xiao Zhan လည်း ဒုတိယထပ်ကို တက်လာပြီး ဒုတိယထပ် counter က nurse မလေးကိုမေးကြည့်တော့ အခန်းနံပါတ် 16 မှာရှိပါတယ် လို့ညွှန်လိုက်တယ်။
nurse မလေးညွှန်လိုက်တဲ့အခန်းထဲကိုဝင်သွားတော့
အခန်းထဲမှာ Yibo ရဲ့သူဌေးဟာ ခုတင်ပေါ်မှာ ခြေထောက်ပတ်တီးစည်းထားပြီးလှဲနေလေရဲ့။
Yibo တို့ရောက်လာတော့ ဦးလေးက ပြုံးရယ်ပြီးစောင့်နေတယ်။

A Story We Created (Completed)Where stories live. Discover now