Part 33💚❤️

4.4K 355 15
                                    

Unicode :

မင်းငါ့ကို ချစ်တယ်ဟုတ်လား....Xiao Zhan"

Yibo ရင်ခုန်မှုများစွာနဲ့အတူ သေချာအောင်မေးကြည့်မိတယ်။

"ဟုတ်တယ်...ငါမင်းကို ရူးမတတ်ချစ်တယ်။မင်းမရှိရင် မနေနိုင်တော့တဲ့အထိ ချစ်တယ်"

Xiao Zhan မျက်လုံးအိမ်ထဲမှာ မျက်ရည်ပေါင်းများစွာက ဝေ့သီလျက်.....
မခံစားနိုင်တော့တဲ့အဆုံး ရင်ထဲကခံစားချက်တွေကိုဖွင့်ပြောလိုက်မိတယ်။
ဒါပေမဲ့ Xiao Zhan စိတ်ထဲမှာတော့ ဒီလိုပြောလိုက်လို့ သူ့ကိုမုန်းတီးသွားလေမလား အထင်သေးသွားမှာလားဆိုတဲ့ အတွေးတွေက ခြယ်လှယ်နေဆဲ.........

"ငါလည်း မင်းကို ချစ်နေခဲ့တာပါ Xiao Zhan ရယ်"

"...ဟင်..."

မထင်မှတ်ထားတဲ့ စကားကြောင့် Xiao Zhan ရင်ထဲ အံ့သြမှုများစွာ ယောက်ယက်ခပ်လျက်......
ဘယ်လိုမှမျှော်လင့်မထားတဲ့စကားကြောင့် Xiao Zhan ပျော်တယ်ဆိုတာထက် ဝမ်းနည်းမိသွားတယ်။
အခုက အချိန်တွေလွန်ကုန်ပြီမဟုတ်လား။
သူ့မှာသူချစ်ရတဲ့သူရှိနေလျက်နဲ့ဒီလိုစကားမျိုးပြောထွက်နိုင်တာ Xiao Zhan ဘယ်လိုယုံပေးရမှာလဲ။
သူတကယ်ပဲ Xiao Zhan ကို အပေါ့စားများ ထင်နေတာလား။
ဒါမှမဟုတ် Xiao Zhan ရဲ့ခံစားချက်တွေကို လှောင်ပြောင်ရယ်မောဖို့ ရင်ထဲကမစစ်မှန်တဲ့စကားတွေကိုပြောနေတာများလား။

"တကယ်ပြောနေတာပါ Xiao Zhan ရယ်။ငါလည်း မင်းကိုချစ်နေခဲ့ရတာပါ"

"ဟက်.....ငါကဘယ်လိုလုပ်ယုံပေးရမှာလဲ နေ့လည်ကမင်းကိုယ်တိုင်ပဲ မင်းရဲ့ရည်းစားလို့ ပါးစပ်ကနေပြောခဲ့တာမဟုတ်လား။အဲ့ဒီစကားကို ငါဘယ်လိုလုပ်ယုံပေးရမှာလဲ။
မင်း ငါ့ခံစားချက်တွေကိုကစားဖို့သက်သက်နဲ့ပြောနေတာဆိုရင်တော့ တော်ပါတော့ Wang Yibo"
"Xiao Zhan ရယ ဘာလို့ငါပြောတာကို မယုံရတာလဲ ငါမင်းကို ငါ့ရဲ့ခံစားချက်အစစ်အမှန်တွေပြောပြနေတာပါကွာ"

Xiao Zhan ကို Yibo ဖက်ဖို့ကြိုးစားလိုက်တော့ ထင်မှတ်မထားတဲ့ Xiao Zhan ရဲ့ ဖယ်ထုတ်မှုကြောင့် Yibo ကြောင်အသွားတယ်။

"ဟင့်အင်း မင်းငါ့ကိုလာမဖက်နဲ့။အခုမင်းက ရည်းစားရှိနေတဲ့ကောင်လေးတစ်ယောက်ပဲ။
မင်းငါ့ကိုကစားလို့ဝသွားရင် ထားသွားမှာမလား။ငါ့ကိုဒဏ်ရာတွေပဲပေးပြီး မင်းကောင်မလေးနဲ့ပဲထွက်သွားမှာမလား။
ငါကြောက်တယ် Wang Yibo.....မင်းရည်းစားထားခဲ့ဖူးလားမထားခဲ့ဖူးလား ငါမသိပေမဲ့ ငါ့အတွက်တော့ မင်းကအချစ်ဦးပါ။အခုမှ အချစ်ကိုကြုံတွေ့ဖူးတဲ့ ငါ့အတွက် ဒီထက်ပိုပြီး မခံစားခိုင်းပါနဲ့တော့။ငါလည်း ပင်ပန်းလှပြီ"

A Story We Created (Completed)Where stories live. Discover now