Part 38💚❤️(နောက်ဆုံးတော့ မင်းပြန်လာခဲ့ပြီ)

4.8K 341 41
                                    

Unicode :

ရာသီဥတုမှ အေးခဲနေသည့်အပြင် ဖိနပ်မပါသောကြောင့် ခြေဖဝါးများက ကျိန်းစပ်လာသည်။
သို့သော်လည်း မိမိက အရေးကြီးသည်မဟုတ်။
Yibo ဆီသို့ ရောက်ရန်သာ စိတ်အားတင်းကာ Xiao Zhan ဆေးရုံလျှောက်လမ်းတစ်လျှောက်
ပြေးနေပေသည်။

အေးခဲနေသည့် ဆောင်းရာသီတွင် ဝတ်ထားသည့် အနွေးထည်၏လက်တစ်ဖက်က လက်မောင်းအောက် လျှောကျနေသည့်အပြင် ဖိနပ်မပါဘဲ ခေါင်းမှ ပတ်တီးဖြူဖြူဖြင့် ပြေးလွှားနေသည့် Xiao Zhan ကို လူအများက အံ့သြကြီးစွာ စိုက်ကြည့်သွားကြသည်။
Xiao Zhan ကတော့ သူ တွန်းတိုက်သွားသည့် လူတစ်ချို့ကိုလည်း လှည့်မကြည့်နိုင်သလို သူတို့ အော်ငေါက်သွားသည့် အသံကိုလည်း ဂရုမစိုက်နိုင်ပါ။

ဒုတိယထပ်မှ ပဉ္စမထပ်သို့ မရပ်မနားပြေးတက်သွားပြီး ထိုပဉ္စမအထပ်မှ အခန်းတစ်ခု၏ ပြတင်းပေါက်ကိုဖြတ်သွားပြီးသည့်နောက် အရှိန်လွန်သွားမှန်းသိသည်နှင့်တစ်ပြိုင်နက် ပြေးနေသည့်အရှိန်ကိုလျှော့လိုက်ကာ ထိုအခန်းရှေ့သို့ပြန်ရောက်လာပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
အချိန်အတော်ကြာသည်အထိ မည်သည့်အသံမျှ ထွက်မလာဘဲ ပြတင်းပေါက်ကိုသာ တွေတွေကြီးစိုက်ကြည့်နေသော Xiao Zhan သည် နောက်ဆုံးတော့ စိတ်တင်းထားသည်တို့ကို လက်လျှော့လိုက်သည့်နှယ် အောက်သို့ ပုံလဲကျသွားသည်။

Xiao Zhan အနောက်သို့ ပြေးလိုက်လာသော Zhuo Cheng နှင့်အတူ အိမ်ပြန်သွားသော Yubin တို့သည် Xiao Zhan ဘေးသို့ ရောက်လာကာ Xiao Zhan ကိုသနားစဖွယ် စိုက်ကြည့်နေကြသည်။

"ငါမယုံနိုင်သေးဘူး။ Zhuo Cheng....ဒါ...ဒါ တကယ်လားဟင်"

Yubin နှင့် Zhuo Cheng တို့ကိုမကြည့်ဘဲ ကြမ်းပြင်ကိုသာ ကြည့်ရင်း Xiao Zhan စကားဆိုလိုက်သည်။

"ဒါ တကယ်ပါ Xiao Zhan ရယ်....စိတ်လျှော့လိုက်တော့နော်....Yibo ခက်ခဲတာတွေအားလုံးကို သူကျော်ဖြတ်နိုင်ခဲ့ပြီ။ဒါကြောင့် မင်းကို စိတ်အေးအေးထားတော့နော်။အခု သူ စိတ်ချလို့ရပြီ"

ချက်ချင်းဆိုသလိုပင် Yubin နှင့် Zhuo Cheng တို့နှစ်ယောက်ကို ပြေးဖက်လိုက်ကာ Xiao Zhan တစ်ယောက် ဒီနေ့ရဲ့ မနက်ခင်းကို ငိုခြင်းဖြင့်တစ်ဖန်စတင်လိုက်ပြန်သည်။

A Story We Created (Completed)Where stories live. Discover now