Part 31💚❤️(SoUp သံသရာ.....)

4.1K 346 24
                                    

Unicode :

'ဒုန်း...ဒုန်း'

"အား......ခြေထောက်ကြီးက......ကဲကွာ......အီး......အဲ့ဒါဘာကြီးလဲ"

Xiao Zhan ရဲ့အခန်းထဲက အသံဗလံပေါင်းစုံနဲ့ ဝေဝေဆာဆာဖြစ်နေတယ်။
မီးဖိုချောင်ထဲက စဉ်းတီတုံးပေါ်မှာ ကြက်တစ်ကောင်.....
ဘေးနားမှာလည်း ဟင်းချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ပုံထားတယ်။
မီးဖိုပေါ်မှာလည်း ဆူပွက်နေတဲ့ ဟင်းအိုးကြီး.....
ကြမ်းပြင်ပေါ်မှာလည်း အရွက်တွေ အမှိုက်တွေက ဗရပွ.......
Yibo တစ်ယောက် စဉ်းတီးတုံးပေါ်မှာ ဓါးတစ်ချောင်းရယ် ကြက်တစ်ကောင်နဲ့ စစ်ဖြစ်နေတယ်။

'ဝှီး'
Yibo ရဲ့ ခေါင်းပေါ်ကနေ ကျော်သွားတဲ့ဓါးပျံ....

*.....အမလေး တော်သေးတယ် ကြက်သားခုတ်ရင်း ဘဝပြောင်းတော့မလို့...*

Yibo သူ့အဖြစ်သူတွေးရင်းလန့်သွားတယ်။
နံရံပေါ်မှာတော့ ဓါးကြီးက ဇောက်ထိုးစိုက်လို့...........

'ပလုံ'

"ကဲကွာ....ခုတ်မရတဲ့အတူတူ တစ်ကောင်လုံးပဲထည့်လိုက်တော့မယ်"

(A/N ဓါးမနဲ့ မခုတ်လို့🤣)

"အင်......ခုနက ဦးလေးပြောတဲ့အတိုင်းဆို ဆားကနှစ်ဇွန်းထည့်ရမယ်တဲ့.....Ok....ရော့"

ဆားကို ဇွန်းပြားကြီးနဲ့ ဟင်းအိုးထဲ နှစ်ဇွန်းထည့်လိုက်တယ်။

"ပြီးတော့.....ဂျင်းနဲ့ ငံပြာရည် ထည့်ရမယ်.....ဟုတ်ပြီ"

အိုးထဲရောက်သွားတဲ့ ဂျင်းတုံးကြီးနဲ့ ငံပြာရည်ဘူးတစ်ဝက်......

(A/N စွပ်ပြုတ်သောက်ချင်သူတွေ တန်းစီမယ်😃)

"အခုက....အား.....ဟုတ်ပြီ......ဝက်သားကြော်ရမယ်..."

supermarket က ဝယ်လာတဲ့ ဝက်သားအပြားတွေကို ဇလုံထဲပြောင်းထည့်လိုက်တယ်။
ပြီးတော့ဂျုံမှုန့်ထည့်တယ်။ အရှိန်လွန်ပြီး ခွက်ဘေးမှာ ဂျုံမှုန့်တွေက ပွစာကြဲ......
ကြက်ဥကို ခွက်ထဲထည့်တော့လည်း ကြက်ဥနဲ့ ခွက်စောင်းအထုလွန်ပြီး ကွဲသွားပြန်ရော.....

*...အို....ရတယ် မောက်တစ်လုံးထပ်ဖောက်မယ်...ကိုယ့်အကြောင်းကိုယ်သိလို့ ကြက်ဥနှစ်ကတ်တောင်ဝယ်ထားတာပဲဟာ.....*

A Story We Created (Completed)Where stories live. Discover now