Part 24💚❤️(နာက်င္မႈရဲ႕ျမစ္ဖ်ား.....)

4.5K 327 13
                                    


Unicode :

ညနေ 5 နာရီ
Beijing University ဆိုတဲ့ တက္ကသိုလ်ကျောင်းဝန်းကြီးထဲကို ကားကြီးနှစ်စင်းဝင်လာတယ်။

"Xiao Zhan ထတော့လေ ပြန်ရောက်ပြီ"

ဘေးနားမှာ ပါးစပ်လေးဟောင်းလောင်းနဲ့အိပ်ပျော်နေတဲ့ ယုန်ပေါက်ကို Yibo နှိုးလိုက်တယ်။
တစ်လမ်းလုံးလည်း မုန့်စားလိုက် အအေးသောက်လိုက်နဲ့ အလုပ်ရှုပ်လာတဲ့ကောင်လေး...
နေ့လည်စာစားပြီး ဗိုက်ဝသွားတော့ အိပ်ပျော်သွားလိုက်တာ အခုပြန်ရော
က်နေပြီ သူလေးကမနိုးသေးဘူး။

"အာ....ငါဆက်အိပ်အုန်းမယ်ကွာ မထချင်သေးဘူး"

"လာ....ဟိုမှာ သူများတွေဆင်းကုန်ပြီ ကားပေါ်မှာထားခဲ့လိုက်မှာနော်"
"ထားခဲ့ကွာ ပြီးမှ ပြန်လာခေါ်လှည့်"

"Xiao Zhan ငါအကောင်းပြောနေတာနော် ထတော့"

"ကျစ်.....အင်းပါကွာ ဘာမှန်းကိုမသိဘူး အိပ်ရေးမဝရတဲ့ကြားထဲ"

"ကားကပြန်ထွက်သွားမှာလေ မင်းကပြန်ပါသွားချင်လို့လား ထ...ထ ကိုယ့်အထုပ်ကိုယ်ပါလား သေချာကြည့်အုန်း"

"အဲ့ခရမ်းသီးကတော့ ပွစိပွစိနဲ့...နားငြီးလိုက်တာ"

Yibo ပဲ Xiao Zhan ကိုနိုးနေရတာမဟုတ်။
သူ့လိုပဲ Zhuo Cheng လည်း အိမ်မက်ထဲအလည်သွားနေတဲ့ Yubin ကိုအတင်းဆွဲခေါ်နေရတယ်။

"ဟေ့ကောင် Yubin ထလို့ပြောနေတယ်နော် ကားပေါ်ကကန်ချလိုက်ရမလား။"

"မင်းကြိုက်သလိုလုပ်ကွာ"

ဒီတော့ Zhuo Cheng လည်း Yubin ကိုခုံပေါ်ကနေ တကယ်ကန်ချလိုက်တော့

"အယုတ်တမာကောင် Zhuo Cheng တကယ်ကန်ချစရာလားကွ သေချင်နေတာလား"

"အခုလောလောဆယ် မင်းမသေချင်သေးရင် ဖယ်ပေးလိုက်အုန်း အနောက်မှာ Wang Yibo စောင့်နေတယ်။"

Zhuo Cheng ကပြောလိုက်တော့ Yubin ပြာပြာသလဲကုန်းထတယ်။
Yibo ကအရင်ဆင်းသွားပြီး Xiao Zhan ကတော့ သူငယ်ချင်းတွေကိုစောင့်ရင်းကျန်ခဲ့တယ်။

"ဟေ့ကောင်တွေ ပြီးပြီလား လာ....သွားမယ်"

ခေါင်းဆောင်တွေဖြစ်တဲ့ Xiao Zhanနဲ့ Maths ခေါင်းဆောင်တို့ ကျောင်းသားကျောင်းသူတွေကို
အထုပ်တွေသေချာစစ်ပေးရင်းနဲ့ အားလုံးပြန်ပြီးမှ ပြန်လာကြတယ်။
Yibo ကလည်း Xiao Zhan ကိုစောင့်ရင်းနဲ့ပေါ့....

A Story We Created (Completed)Where stories live. Discover now