Part 12💚❤️(လူတစ်ယောက်ကိုပြောင်းလဲစေနိုင်တဲ့အတိတ်.....)

6.3K 508 12
                                    

Unicode :

'ငါတို့နှစ်ယောက်သူငယ်ချင်းဖြစ်ကြရအောင်'ဆိုတဲ့Yiboရဲ့စကားကြောင့် Xiao Zhan အံ့သြသွားတယ်။

တကယ်တော့ ညနေက Yibo အပြင်ထွက်သွားပြီးနောက်ပိုင်း Yubin တို့နဲ့စကားပြောဖြစ်ကြတယ်။

"Wang Yibo ကမင်းကို လူနာစောင့်လုပ်ပေးလိမ့်မယ်လို့ ငါထင်ကိုမထင်ထားဘူး။သူ့လိုလူကအရင်ကဆို အဲ့လိုမှမဟုတ်တာ"

Yubin ရဲ့စကားက Xiao Zhan ရဲ့သိချင်စိတ်ကိုဆွပေးလိုက်တယ်။

"အဲ့ဒါဆို အရင်တုန်းက သူကဘယ်လိုလူမျိုးမို့လို့လဲ"

"သူက အရမ်းသွေးအေးတဲ့တစ်ယောက်ပေါ့။
ဒါပေမဲ့ ငါတို့ငယ်ငယ်တုန်းက Yibo ကအဲ့လိုမဟုတ်ဘူး။သူ့ဘာသာသူအေးဆေးနေတတ်ပေမဲ့ သဘောကောင်းတဲ့ကောင်။လူတိုင်းနဲ့လည်းအရမ်းခင်တယ်။
ဒါပေမဲ့အထက်တန်းရောက်တော့Yiboရဲ့အဖေက နောက်မိန်းမယူလိုက်တယ်။
အဲ့ဒီအချိန်ကစပြီး သူပြောင်းလဲသွားတယ်။
ဘယ်သူ့ကိုမှလည်း ဂရုမစိုက်သလို သူ့ကိုကြည့်လိုက်ရင်လည်းအမြဲတမ်းရေခဲရိုက်ထားတဲ့အတိုင်းပဲ အေးစက်စက်ကြီး။"

"အဲ့ဒါဆို Yibo ပြောင်းလဲသွားတာက ဒါကြောင့်လား"

Xiao Zhan ကမေးလိုက်တော့

"မဟုတ်ဘူးကွ မင်းမသိသေးတဲ့ လှည့်စားချက်တွေအများကြီးရှိသေးတယ် Xiao Zhan ရ။
Yibo ပြောင်းလဲသွားတဲ့နောက်ပိုင်း တစ်ယောက်တည်းပဲသီးသန့်နေတာ့သလို ဘယ်သူနဲ့မှလည်းအပေါင်းအသင်းမလုပ်တော့ဘူး။
တစ်နေ့ကျောင်းကို Fei Fei ဆိုတဲ့ကောင်မလေးပြောင်းလာတယ်။
Yibo နဲ့ သူနဲ့ဘယ်လိုခင်သွားကြမှန်းမသိပေမဲ့ Fei Fei ကြောင့် Yibo ပြန်ပြီးပြောင်းလဲလာတာတော့အမှန်ပဲ။
အဲ့တစ်ယောက်ကြောင့် Yibo ရဲ့အပြုံးတွေကို ပြန်မြင်လာရသလို တချို့ကဆို အရင်က Yibo ပြန်ရောက်လာပြီလို့တောင်ပြောကြတယ်။
ပြီးတော့သူတို့နှစ်ယောက်ကိုတပူးပူးတတွဲတွဲအမြဲတမ်းတွေ့ရတယ်။ကျောင်းမှာရော အပြင်မှာရောပေါ့။
အစကတော့ အဲ့ဒီ Fei Fei ကိုmtjjတွေက မင်းလိုပဲ မကြည်ဘူးပေါ့ကွာ ဒါပေမဲ့ Yibo ရဲ့ပြောင်းလဲသွားတဲ့ပုံစံကြောင့် သူတို့လည်းလက်ခံလာတယ်။
အမြဲတမ်းသူတို့နှစ်ယောက်ကိုမြင်နေရပေမဲ့ သူတို့နှစ်ယောက်ကတွဲနေတယ်ဆိုတာတော့ တစ်ခါမှမကြားခဲ့ဖူးဘူး။
ဒါပေမဲ့ Yibo ကတော့ Fei Fei ကိုစိတ်ဝင်စားတဲ့ပုံပဲ။
Fei Fei က အလှပဂေးဆိုတော့ သူ့ကိုကြိုက်တဲ့သူလည်းပေါတယ်လေ။အဲ....Yibo နဲ့အမျိုးတော်တဲ့ Wang Qi Cheng ဆိုတဲ့တစ်ယောက်လည်းပါတယ်။"

A Story We Created (Completed)Where stories live. Discover now