Part 7💚❤️(ပေဟဠိေတြထဲက သူ......)

7K 582 9
                                    

Unicode :

မနက်ခင်းကျောင်းမတက်ခင်

English Major အခန်းရှေ့ မိန်းကလေးတစ်စု ဟိုလျှောက်ဒီလျှောက်လိုက် လုပ်နေတယ်။
အဲ့ဒီအခန်းထဲ ဝင်တဲ့ယောကျာ်းလေးမှန်သမျှကိုလည်း နာမည်တွေ စစ်လားဆေးလားလုပ်နေလေရဲ့။
Yubin နဲ့ Zhauo Cheng တို့ အခန်းအပေါက်ဝရောက်တော့

"နင်တို့နှစ်ယောက်ထဲက Xiao Zhan ဆိုတာဘယ်သူလဲ"

Yubin တို့ တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်လိုက်ပြီး ဘာလဲဆိုတာသိလိုက်တယ်။
တကယ်တော့ ရဲစစ်ပုလိပ်စစ်လုပ်နေတဲ့ jie jieတွေက Yibo ရဲ့ fan တွေဖြစ်တဲ့ mtjj တွေပါ။
ပြီးတော့ ဒီအခန်းရှေ့ကိုရောက်လာရတာကလည်း Xiao Zhan နဲ့ Yibo တို့တစ်ခန်းတည်းအတူတူနေ နေကြတယ်ဆိုတဲ့ သတင်းကြောင့်ပေါ့!!!!!!

"ဟိတ် ဟိုနှစ်ယောက် အခန်းထဲမဝင်ပဲ ဘယ်ပြန်သွားမလို့လဲ"

အဖွဲ့ထဲက ခေါင်းဆောင်လို့ထင်ရတဲ့ တစ်ယောက်က အခန်းထဲမဝင်ပဲ အပြင်ပြန်ထွက်ဖို့ပြင်နေတဲ့ Yubin တို့နှစ်ယောက်ကို မေးလိုက်တယ်။

"toilet သွားမလို့လေ ဘာလဲလိုက်မလို့လား"

Zhuo Cheng ကဘောက်ဆက်ဆက်မေးတော့

"ညစ်ပတ်လှချည်လားဟဲ့ လိုက်စရာလား ကိုယ့်ဘာသာကိုယ်သွားစရာရှိတာသွား"

ဒီလိုနဲ့ Yubin တို့နှစ်ယောက် ဘေးအန္တရာယ်ကြားက လွတ်ထွက်လာခဲ့တယ်။
ဒါပေမဲ့ သူတို့ဦးတည်နေတာက toiletကိုသွားတဲ့ လမ်းမဟုတ်ပဲ အဲ့ဒီလမ်းနဲ့ဆန့်ကျင်ဘက်လမ်းဖြစ်တဲ့ ကျောင်းအပေါက်ဝဆီ.....
Zhuo Cheng နဲ့ Yubin စောင့်နေရင်း ခဏကြာတော့ ကျောင်းပေါက်ဝကနေ Xiao Zhan ဝင်လာတယ်။
Xiao Zhan ကိုမြင်မြင်ချင်းပဲ နှစ်ယောက်သား လူမရှိတဲ့နေရာကိုဆွဲခေါ်လာခဲ့တယ်။

"ဟေ့ကောင်တွေ ဘာဖြစ်နေကြတာတုန်း"

"Xiao Zhan မင်း မမေးနဲ့အုန်း ငါတို့ပြောတာအရင်နားထောင် မင်းကျောင်းတက်မှ အခန်းထဲဝင်ခဲ့"

Yubin အခန်းဘက်ကိုလှည့်ကြည့်ရင်းပြောလိုက်တယ်။

"ဘာဆိုင်လို့တုန်းဟ ကျောင်းတက်မှလာရင် ဆရာမကကျောင်းနောက်ကျတယ်ဆိုပြီးဆူနေမှာပေါ့"

A Story We Created (Completed)Where stories live. Discover now