C-184

159 24 2
                                    

အခန်း ၁၈၄

ရီယွမ်က တပ်မတစ်ထောင် ဓါးမော့ကို တင်းကျပ်စွာဆုပ်ကိုင်ထားသည် ။ သူ့တစ်ကိုယ်လုံးရှိ စွမ်းအင်များကို စုစည်းထားလိုက်ပြီး  ကျားသစ်ပျိုတစ်ကောင်ကဲ့သို့ တိုက်ခိုက်ရန် ပြင်လိုက်သည် ။

ရီယွမ်၏ ပတ်ပတ်လည် ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏ ။ ချောက်ကမ်းပါးကြီးက ရီယွမ်၏ မြင်ကွင်းမှ လုံးလုံးလျားလား ကွယ်ပျောက်သွားခဲ့သလို သချိုင်းတစ်ခု၏ အလယ်တည့်တည့်သို့ သူရောက်ရှိနေသည် ။

မှတ်တိုင်များ … များစွာသော မှတ်တိုင်များ … ထိုသချိုင်းမြေပုံများက ဤကမ္ဘာကြီးထဲသို့ ရီယွမ်စတင်ရောက်ရှိခဲ့စဉ်က သချိုင်းနှင့် တူသည် ။
ငါ ဒီနေရာကို ဘယ်ကနေ ဘယ်လို ရောက်လာခဲ့တာလဲ ?

ရီယွမ်က အမျိုးမျိုးအဖုံဖုံ လိုက်လံစဉ်းစားလိုက်သော်လည်း လုံးဝအဖြေရှာမရပေ ။

လွန်ခဲ့တဲ့ တစ်စက္ကန့်ကပဲ ချောက်ကမ်းပါးထိပ်မှာ ရှိနေတယ် … နောက်တစ်စက္ကန့်ကျတော့ သချိုင်းတစ်ခုထဲ ရောက်နေတယ် ။ အချိန်လမ်းကြောင်း ပြောင်းသွားတာလား ( Time Slip ) များလား ….

ရုတ်တရက် ရီယွမ်မျက်စိရှေ့ရှိ အုတ်ဂူများ ကျိုးပဲ့ပျက်စီးထွက်သွားပြီး အထဲမှ အလောင်းကောင်များ မြေပေါ်သို့ကုပ်တွယ်တက်လာခဲ့ကြသည်ကို သူမြင်လိုက်ရသည် ။

ထိုအလောင်းကောင်များ၏ အဝတ်အစားများက ဆွေးရိစုတ်ပြတ်သတ်နေကြပြီး မျက်စိဟောက်ပက်နှင့် အလွန်ရုပ်ဆိုးပြီး ကြောက်စရာကောင်းလှသည် ။ ရီယွမ်ခေါင်းနပန်းကြီးသွားသည် ။ ဤဖြစ်ရပ်က သူ၏ တွေးခေါ်နိုင်စွမ်းထက် လုံးဝကျော်လွန်နေသည် မဟုတ်ပါလား ။

အလောင်းကောင်များ၏ မျက်လုံးနေရာများမှ အနီရောင်အလင်းတန်းလေးများ တောက်ပလာကြပြီး ရီယွမ်ကို တွေ့မြင်သွားဟန်နှင့်တူသည် ။ အလောင်းကောင်များက ဂီးဂီးဂါးဂါး အသံများ ဆူညံစွာ အော်ဟစ်လိုက်ကြပြီး ရီယွမ်ရှိရာသို့ စုပြုံတိုးဝင်လာကြပါလေတော့သည် ။

ရီယွမ်၏ ခန္ဓာကိုယ်ထဲတွင်တော့ စွမ်းအင်များက လှိုင်းလုံးကြီးများကဲ့သို့ တဝုန်းဝုန်း ရိုက်ခတ်နေကြသည် ။

True Martial World Book 13-14Where stories live. Discover now