C-191

146 20 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၉၁

ရီယွမ်က ခရမ်းရောင်ဂျင်စင်းရှိရာသို့ သူဟန်ဆောင်တိုးဝင်သွားခြင်းကို ရပ်တန့်လိုက်သည်။ ဒီထက်ပိုနီးကပ်သွားပါက ထိုဆေးမြစ်က သူ့ကို ပိုပြီးသံသယ ဝင်သွားပေလိမ့်မည် ။

ယခု သူနှင့် ခရမ်းရောင်ဂျင်စင်းတို့၏ အကွာအဝေးက ၂၄ မီတာခန့်သာ ရှိတော့သည် ဖြစ်ရာ ထိုအကွာအဝေးက ထိုဆေးပင် အလိုက်လျောနိုင်ဆုံး အကွာအဝေးဖြစ်မည်မှန်း သူသိသည်။

ရီယွမ်က တပ်မတစ်ထောင် ဓါးမော့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ပုံရိပ်ယောင်များနှင့် တိုက်ခိုက်နေသည့်ဟန် ဆောင်လိုက်သည်။

ရီယွမ်သတ်ခဲ့သော စွန့်ပစ်သားရဲများ၏ သွေးစက်များက နေရာအနှံ့ပြန့်ကြဲစွန်းထင်လျက် ရှိသည်။ ပုံရိပ်ယောင် ကမ္ဘာကြီးထဲတွင်တော့ ရီယွမ်တစ်ကိုယ်လုံး သွေးများနှင့် ရွှဲနစ်လျက်ရှိနေသည်။

တဖြည်းဖြည်းနှင့် ရီယွမ်၏ မျက်ဝန်းများ အနီရောင်သမ်းလာပြီး သွေးဆာနေသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ မသိပါက ပုံရိပ်ယောင်များနှင့် အသေအကြေ စိတ်နှစ်ပြီး တိုက်ခန့်နေသည့်ဟန် ရှိ၏။

ခရမ်းရောင်ကောင်းကင်ဂျင်စင်းက လူတစ်ယောက်ကို ပုံရိပ်ယောင် ကမ္ဘာကြီးထဲတွင် အဆုံးမဲ့ ပိတ်လှောင်ထားနိုင်သည် ။ ထိုလူ၏ ယွမ်ချီများ တဖြည်းဖြည်း ကုန်ခမ်းသွားပြီး အမောဆို့သေသွားသည့်အထိ သူစွမ်းဆောင်နိုင်သည်။

ရီယွမ်က လုံးဝကို ရူးသွပ်နေသည့်ဟန်ဖြင့် တပ်မတစ်ထောင် ဓါးမော့ကို အဆက်မပြတ်လွှဲယမ်းလျှက်ရှိသည် ။ ချောက်ကမ်းပါးတစ်ခုလုံးလည်း သူ၏ ဓါးချက်များဖြင့် မွစာကြဲနေပြီ ဖြစ်၏။

ထိုအချိန်တွင် ရီယွမ်က သူ၏ တိုင်တန်လေးကို ဆွဲထုတ်လိုက်လေသည်။

ဝှစ် … ဝှစ် …. ဝှစ် …..

ရီယွမ်က စွန့်ပစ်သားရဲပုံရိပ်ယောင်များ ရှိရာဘက်သို့  မြှားသုံးစင်းကို တရစပ်ပစ်လွှတ်လိုက်၏ ။ ရီယွမ်၏ မြှားချက်များထိသွားသည့် သားရဲကောင်ကြီးများ ပေါက်ကွဲလွင့်စင်သွားကြကုန်၏။

True Martial World Book 13-14Where stories live. Discover now