C-204

153 24 0
                                    

Zawgyi code

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၂၀၄

“ သောက်ကလေး … မင်းသေချင်နေပြီလား ”

ဟောင်ဒုန် အဖွဲ့အစည်းမှ လူများအားလုံး ဒေါသခြောင်းခြောင်း ထွက်နေကြပြီ ဖြစ်၏ ။ ရီယွမ်က သူတို့၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည့်အပြင် သူတို့ကို လုံးဝ မျက်နှာသာမပေးချေ ။

“ ခရမ်းရောင်သွေး အလယ်ဆင့်သိုင်းသမားတစ်ယောက်က သူ့ကိုယ်သူ ဘာထင်နေလို့လဲ …”

လီဟောင်၏ မျက်နှာက သုန်မှုန်တင်းခံသွားသည် ။ သူအားနှင့်မာန်နှင့် ဆောင့်ချလိုက်သောအရှိန်ကြောင့် လက်ဖက်ရည်ခွက်က အပိုင်းပိုင်းအစစများအဖြစ် လွင့်စင်ထွက်သွားကြသည် ။

“မင်း ဘာပြောလိုက်တာ … ငါသိပ်မကြားရလို့ … နောက်တစ်ခေါက် ထပ်ပြောစမ်းပါဦး …”

လီဟောင်က ရီယွမ်ကို ပြုံးထေ့ထေ့နှင့် ကြည့်ကာ လှမ်းမေးလိုက်သည် ။ ထိုအပြုံး၏ နောက်ကွယ်တွင် သူအဘယ်မျှထိ ဒေါသထွက်နေမယ်မှန်း လူတိုင်းသိကြသည် ။

လီဟောင်က တိုင်အီမြို့တော်တွင် အတော်သြဇာညောင်းပြီး နှစ်ကြီးသမားများသည်ပင် သူ့ကို တော်ရုံတန်ရုံ မထိပါးဝံချေ ။

လီဟောင်နှင့် အတိုက်အခံလုပ်ခြင်းဖြင့် မကောင်းသော အကျိုးဆက်များသာ ရရှိနိုင်ပေလိမ့်မည် ။

“သြော် .. မင်းသေချာမကြားရဘူး … နောက်တစ်ခေါက်ပြန်ပြော … အဲလိုလား .. ရတယ် ၊ ကိစ္စမရှိဘူး .. ပြန်ပြောပေးမယ် .. ကိုယ့်ဖျင့် ကိုယ်ပြန်ရိုး လိုက်တဲ့ ” … ရီယွမ်က တစ်လုံးချင်း ရှင်းလင်းပီသစွာ ပြောချလိုက်သည် ။ သူ့ကိုလာကစားချင်နေသည့် လူတစ်ယောက်ကို ရီယွမ်က ဒီအတိုင်းတော့ ပြန်လွှတ်ပေးလိုက်မည် မဟုတ်ပေ ။ ဘာလဲ .. ဟောင်ဒုန်အဖွဲ့အစည်း ဆိုပြီး ထောင်လိုက်တာနဲ့သူတို့က အရမ်းကို ကြီးမြတ်နေကြတယ်လို့ ထင်နေကြတာလား ….

ဟောင်ဒုန် အဖွဲ့အစည်းက သူ့ကို လက်တုံ့ပြန်ခြင်းအတွက် ရီယွမ်က မစိုးရိမ်ပေ ။ ဟောင်ဒုန် အဖွဲ့အစည်းက လူသစ်အများစုနှင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်ပြီး … လူအများက အနာဂတ်နှစ်အနည်းငယ်တွင် ဟောင်ဒုန်အဖွဲ့ အင်အားကြီးလာမည်ကို တွေးကာ စိုးလန့်နေကြခြင်း ဖြစ်သည် ။ ရီယွမ်အတွက်တော့ အနာဂတ်ကို တွေးကြောက်နေရန် မလိုပေ ။

True Martial World Book 13-14Where stories live. Discover now