C-193

146 24 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ ( ရီယွမ် )

အခန်း ၁၉၃

အကယ်၍ ရီယွမ်သာ ခရမ်းရောင်ကောင်းကင် ဂျင်စင်းထံမှ စွမ်းအင်များ အားလုံးကို စုပ်ယူလိုက်ပါက တိုင်အီသမားတော်ဌာနမှ အကြီးအကဲများ၏ သံသယဝင်ခြင်းကို ခံရပေလိမ့်မည် ။

သို့သော် လက်ရှိအခြေအနေတွင် ထိုဆေးပင်က ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ဖြစ်ရာ ဒဏ်ရာမှ စိမ့်ထွက်လာသော စွမ်းအင်များကို စုပ်ယူလိုက်ခြင်းကြောင့် သံသယဝင်လိမ့်မည် မဟုတ်ပေ ။

တကယ်တမ်းတွင် ရီယွမ်အနေနှင့် ထိုကဲ့သို့ လုံးဝမကြုံခဲ့ဖူးပေ … ဒဏ်ရာရနေသော ဆေးပင်လေးများကို သူပြန်မအပ်ခဲ့ဖူးပေ … ထို့အပြင် ဆေးပင်၏ အကျိုးအာနိသင်လည်း လျော့နည်းသွားလိမ့်မည်ဖြစ်ရာ သူရရှိမည့် နဂါးအကြေးခွံများကလည်း လျော့နည်းသွားပေလိမ့်မည် ။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ပါက သူ့အတွက် လုံးဝ အကျိုးမရှိပေ ….

ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်စုပ်ယူမှုအောက်တွင် မည်သည့်စွမ်းအင်မှ အလေအလွင့်လုံးဝမရှိခဲ့ပေ …ရီယွမ်က ထွက်ပေါ်လာကြသော စွမ်းအင်အလင်းစက်များအားလုံးကို စုပ်ယူခဲ့လိုက်သည် ။

ရီယွမ်က စွမ်းအင်များကို စုပ်ယူနေစဉ်အတွင်း သစ်သားတုံးတစ်တုံးကဲ့သို့ ရှိနေသော ခရမ်းရောင်ကောင်းကင် ဂျင်စင်းက ဝှစ်ခနဲ လှုပ်ရှားလိုက်ပြီး မြေကြီးထဲသို့ တိုးဝင်သွားခဲ့လိုက်သည် ။ ထိုဆေးမြစ်ကတော့ ဒဏ်ရာပြင်းထန်စွာ ရရှိနေတာတောင်မှ ထွက်ပြေးရန် ကြိုးစားနေပေသည်။

သို့သော် အသုံးမဝင်ပေ …. ဆေးမြစ်က စတင်လှုပ်ရှားလိုက်သည်နှင့် တစ်စက္ကန့်အကြာတွင် မီတာသုံးဆယ်အတွင်း အနက်ရောင် အလင်းတန်းများ ပေါ်ထွက်လာပြီး ကန့်လန်ကာကြီးတစ်ခုပမာ ပတ်ပတ်လည်ကို ကာရံထားလိုက်သည် ။

ဖောင်း ….

ဆေးမြစ်က ထိုကန့်လန့်ကာကြီးနှင့် တိုက်မိပြီး အနောက်သို့ ပြန်ကျလာခဲ့သည်။

ထိုအရာက ပုဇဉ်းရင်ကွဲ မှော်အစီအရင်ပင် ဖြစ်ကာ ဝိညာဉ်များအားလုံးကို ချုပ်နှောင်ပိတ်ဆို့ နိုင်စွမ်းရှိ၏ ။ ထိုဆေးမြစ်အနေနှင့် ဒဏ်ရာမရှိခဲ့ဖူးဆိုပါက ထိုမှော်အစီအရင်မှ အသာလေး လွတ်မြောက်နိုင်သော်လည်း ယခုလိုအခြေအနေတွင်တော့ လုံးဝမဖြစ်နိုင်တော့ပေ ….
ထိုဆေးမြစ်က တစ်ခါမှ ဒီလောက်အထိ ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိခဲ့ဖူးပေ … သူ၏ ဝိညာဉ်က ကစဥ့်ကလား ပျံလွင့်နေပြီး စွမ်းအင်များလည်း တဖြည်းဖြည်း ယုတ်လျော့လာနေသလို ထိုစွမ်းအင်များက ရီယွမ်ရှိရာသို့ တိုက်ရိုက်စီးဝင်လာနေသည်။

True Martial World Book 13-14Where stories live. Discover now