C-186

147 22 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၈၆

စာကြည့်တိုက်က တိုင်အီနတ်ဘုရားမြို့တော်၏ အနောက်မြောက်ဘက်ထောင့်တွင် တည်ရှိသည် ။ နတ်ဘုရားဗဟိုမျှော်စင်နှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင်တော့ ထို နေရာကပိုပြီး ညီညာပြန့်ပြူးသည် ။

ထိုနေရာသို့ ရောက်ရှိသောအခါတွင် ကျောက်တုံးကြောင်လိမ်လမ်းလေးများဖြင့် တစ်ထပ်ပြီးတစ်ထပ် တည်ဆောက်ထားသော အဆောက်အဦးများကို တွေ့လိုက်ရသည် ။

“ ရောက်ပြီး ! ဒီနေရာပဲ ကျောက်စီလမ်းအတိုင်း နင်လျှောက်ဝင်သွားလေ … အထဲမှာတွေ့ရမယ့် စာအုပ်တွေက ပိုပြီးတန်ဖိုးကြီးလေပဲ … တချို့အခန်းတွေဆိုရင် ဝင်ကြေးပေးဖို့အတွက် စင်ကြယ်ခြင်းအမှတ်နဲ့တောင် ပေးရတယ် .. ဒါပေမယ့် အဲဒီစာအုပ်တွေက စွမ်းအင်ကျင့်စဉ် နဲ့ သိုင်းကျမ်းတွေပဲ .. နင်က သတင်းလေး ဘာလေး ဖတ်ရုံလောက်ပဲဆိုတော့ နဂါးအကြေးခွံ နည်းနည်းလောက်ပေးလိုက်ရင် ရပါပြီး …! ”

ဇောင်ချင်ချန်က ရီယွမ်ကို ဝင်ပေါက်အထိ လိုက်ပို့လိုက်သည် ။ စာကြည့်တိုက်မှူးကို အကျိုးအကြောင်းပြောပြီးနောက် ရီယွမ်က စာကြည့်တိုက်၏ သုံးထပ်မြောက်အဆောင်ပေါ်သို့ တက်လာခဲ့လိုက်သည် ။

ကျောက်တုံးနံရံများထဲတွင် မြုပ်နှံပြီး အစီအရီခင်းကျင်းထားသော ဟောင်းနွမ်းရင့်ရော်နေသည့် စာအုပ်များကို တွေ့လိုက်ရသည် ။ အချို့စာအုပ်များက စက္ကူပေါ်တွင် ရေးထားသလို အချို့စာအုပ်များက တိရစ္ဆာန်သားရေနှင့် သတ္တုအလွှာပါးများပေါ်တွင် ရေးခြစ်ထားသည် ။

ထိုရှေးဟောင်းစာအုပ်ကြီးများ၏ နံဘေးတွင်တော့ ကျောက်စိမ်းစာလိပ်မျိုးစုံနှင့် ရိုးရိုးပုံမှန် စာလိပ်များကို တွေ့လိုက်ရသည် ။ ကျောက်စိမ်းစာလိပ်များထဲတွင် ထည့်သွင်းရေးသားထားသော သတင်းအချက်အလက်များက အံ့သြသင့်ဖွယ်ရာကောင်းနေလိမ့်မည်မှာ အမှန်ပင် ဖြစ်၏ ။
သိပ်မကြာခင်မှာပင် ရီယွမ်က သူရှာဖွေနေသော စာအုပ်တစ်အုပ်ကို တွေ့သွားသည် ။

နတ်ဘုရားဒေသ ညွှန့်ပေါင်းစာအုပ် !

ထိုစာအုပ်ထဲတွင် နတ်ဘုရားဒေသထဲရှိ အရာအားလုံး၏ သတင်းအချက်အလက်များကို တစ်ခုချင်းမကျန် အသေးစိတ် မှတ်တမ်းတင်ထားသည် ။

True Martial World Book 13-14Where stories live. Discover now