C-203

143 22 0
                                    

Zawgyi Code

အခန်း ၂၀၃

ရီယွမ်က စားသောက်နေဆဲမှာပင် ထိုလူများကို သူ၏ မျက်ဝန်းထောင့်မှ နေ၍ စဉ်ဆက်မပြတ် အကဲခတ်နေလေ၏။

ထိုဝဖိုင့်ဖိုင့်နှင့်လူငယ်က သူ၏ မေးစေ့ကိုအသာအယာ ပွတ်သပ်ပြီး ရီယွမ်ဆီသို့ လာခဲ့လိုက်သည် ။ သူက ရီယွမ်အရှေ့တွင် ထိုင်ချလိုက်သော်လည်း သူ၏ တပည့်များက မထိုင်သေးပဲ လေးဘက်လေးတန်တွင် တံခါးစောင့်များကဲ့သို့ ရီယွမ်ကို ဝန်းရံပိတ်ဆို့ထားလိုက်ကြသည် ။

ထိုမြင်ကွင်းက လူအများ၏ အာရုံစိုက်စရာ တစ်ခု ဖြစ်လာစေသည် ။ ထိုဝဝဖိုင့်ဖိုင့်နှင့် လူငယ်ကို သူတို့ကောင်းစွာ သိကြသည် ။

“ ဟောင်ဒုန် အဖွဲ့အစည်းက ဥက္ကဌ လီဟောင် မဟုတ်ဘူးလား … ကြည့်စမ်းပါဦး ”

ဟောင်ဒုန်အဖွဲ့အစည်းက လူသစ်များကြားတွင် ကျော်ကြားသော အဖွဲ့အစည်းတစ်ရပ် ဖြစ်သည် ။ လီဟောင်က တိုင်အီနတ်ဘုရားမြို့တော်တွင် နာမည်ကြီးသော လူငယ်တစ်ယောက်ဖြစ်သလို သူ၏ သြဇာကလဲ အသင့်အတင့် လွှမ်းမိုးမှုရှိ၏ ။

သူထိုင်ချလိုက်သည်နှင့် လူအများက သူမှန်းသိလိုက်ကြခြင်းကို ဟောင်ဒုန်က အလွန်ကျေနပ်မိနေသည် ။

“ မင်းက ရီယွမ်နော် ။ ဟုတ်လား ”

လီဟောင်က ရီယွမ်ကို ကြည့်လိုက်ပြီး နူတ်ဆက်သည့်သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည် ။

“ ဒါဆိုရင် မင်းက ရှေးဦးမူလ ဆေးပင်ကို ခူးလာခဲ့တဲ့ တစ်ယောက်ပေါ့ ဟုတ်လား ”

ရှေးဦးမူလ ဆေးပင်ကို ခူးသွားသည့်လူကို နတ်ဘုရားမြို့တော်မှ အကြီးအကဲက ခေါ်ယူတွေ့ဆုံလိုက်ခြင်းကို လူအတော်များများ သိထားကြသည် ။ သို့သော် ထိုသူက အဆင့်နိမ့်စားဖိုဆောင်တွက် စားသောက်နေသော ရီယွမ်လို ကလေးတစ်ယောက်ဖြစ်မယ်မှန်း လူအများက မထင်မှတ်ထားခဲ့ကြပေ ။

လီဟောင်၏ စကားများကို ကြားလိုက်ရသောအခါ စားဖိုဆောင်ထဲရှိလူများ အံ့သြသင့်သွားကြကုန်၏ ။ တဖြည်းဖြည်းနှင့် သူတို့စားပွဲဝိုင်းရှိရာသို့ အာရုံစိုက် စောင့်ကြည့်နေသူ များသထက် များလာကြသည် ။

True Martial World Book 13-14Where stories live. Discover now