C-202

163 22 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၂၀၂

တစ်လအကြာမျှ ပန်းပဲခန်းထဲတွင် နေ့စဉ်နေ့တိုင်း အလုပ်ဆင်းရသောကြောင့် ကျိုးခိုင်၏ ကြွက်သားများက ကြေးနီရောင် ပြောင်လက်ပြီး မီးရောင်အောက်တွင် ချွေးများနှင့် ရွှဲနစ်နေကြသည် ။ အချက်တစ်ထောင်မြောက် တူကို အားနှင့်မာန်နှင့် ရိုက်ချလိုက်ပြီးသောအခါ ကျိုးခိုင်က အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်မိသည် ။

တူရိုက်နေသော ပန်းပဲလုပ်သားများသည်လည်း ခေတ္တမျှ အလုပ်ဆိုင်းငံ့ထားလိုက်ကြသည် ။ သူတို့အားလုံး ချွေးတိတ်အောင် ခေတ္တအနားယူပြီး ရေအနည်းငယ်သောက်ကာ သားရဲအမြုတေများအနည်းငယ် စားသောက်ပြီး အားဖြည့်ရန် လိုအပ်သေးသည် ။

တကယ်တော့ ပန်းပဲဖိုတွင် သတ္တုပုံသွင်းခြင်းအလုပ်က လုံးဝမသက်သာသော အလုပ်တစ်ခုပင် ။

“ သေစမ်း .. ဟားဟား .. ငါနောက်ဆုံးတော့ သတ္တုအကောင်းစားတစ်ခုကို ပုံသွင်းနိုင်ခဲ့ပြီးပဲ ” ကျိုးခိုင်က ဖိုထဲတွင် တောက်လောင်နီရဲနေသော သတ္တုတုံးကြီးကို ကျေနပ်အားရစွာ လှမ်းကြည့်လိုက်သည် ။

“ ဟုတ်တယ် …. အစ်ကိုကျိုးခိုင် အစ်ကို့ရဲ့ လေဆင်နှာမောင်းတူ သိုင်းကလဲ ပိုပြီးတိုးတက်လာတယ်နော်”

ရွှမ်းဝူစစ်တပ်မှလူများအားလုံး သဘောကျစွာ ရယ်မောလိုက်ကြမိသည် ။

“အင်း … ငါလဲ အဲဒီလိုပဲထင်ပါတယ်”

သူ၏ လေဆင်နာမောင်းတူသိုင်းက ပန်းပဲအလုပ်နှင့် အလွန်အကိုက်ညီဆုံးပင် ။ ပန်းပဲအလုပ်က တိုက်ခိုက်ရေးနည်းစနစ်များ လုံးဝမပါဝင်သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများကို တစ်လက်မမှ မကျန် ကောင်းစွာ ထိန်းကျောင်းလေ့ကျင့်ပေးရာတွင် အများကြီး အထောက်အကူဖြစ်စေသည် ။

သူ၏ တူအစွမ်းက ဘာမှမဟုတ်သော်လည်း သူသာ ထိုသိုင်းကို အဆုံးထိ အောင်မြင်အောင်လေ့ကျင့်ပြီးသွားပါက အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုထိ တိုးတက်သွားမည်မှန်း ကျိုးခိုင်က ကောင်းစွာသိသည် ။

True Martial World Book 13-14Where stories live. Discover now