C-192

146 23 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၉၂

ခရမ်းရောင် ကောင်းကင်ဂျင်စင်းက အလွန်အပုန်းကောင်းသည် ။ လူသားသခင်တစ်ယောက်၏ အရှေ့မှာ ရှိနေလျှင်ပင် မည်သည့် သဲလွန်စနှင့် ခြေရာလက်ရာများ မကျန်အောင် ကောင်းစွာပုန်းအောင်းနိုင်သည် ။ ထို့ကြောင့် ထိုဆေးမြစ်က သူ့ကိုရှာမတွေ့နိုင်ဟု ယုံကြည်နေခြင်း ဖြစ်သည် ။

လနတ်သမီးပွဲတော်ညကို ရွေးချယ်ခြင်း …. မှော်အစီအရင်များနှင့် ထောင်ချောက်ဆင်ခြင်း …. အကွာအဝေး ဖြစ်နိုင်ချေ ဟူသမျှကို သေသေချာချာ ချိန်ညှိ တွက်ဆထားခြင်း …. ယန်သွေးပန်းပွင့်ကို ကောက်ကိုင်လိုက်သည့် ပထမအကြိမ်ကတည်းက ပုံရိပ်ယောင်မှန်း အတုအစစ် ခွဲခြားနိုင်ခြင်း …. သူ့အစီအစဉ်အားလုံးအတွက် လဝက်ခန့်အချိန်ယူပြီး ကျကျနနသေသေချာချာ ကြိုတင်ပြင်ဆင်ထားခြင်း ….

ထိုလူငယ်သည်ကား အလွန်ကြောက်စရာကောင်းလောက်အောင် ဥာဏ်များသော လူငယ်လေးတစ်ယောက်ပင် ဖြစ်၏ ။

ခရမ်းရောင်ကောင်းကင် ဂျင်စင်းကတော့ နောက်ထပ်စဉ်းစားနေဖို့ အချိန်မရှိတော့ပေ … ရီယွမ်ပစ်လိုက်သော လေခွင်းမြှားက သူ့ထံသို့ ရောက်ရှိရန်အတွက် တစ်ပေခန့်သာ လိုတော့သည် မဟုတ်ပါလား ..
ရှောင်ဖို့အချိန် လုံးဝမရှိတော့ပေ ….

ထိုမြှားချက်က ရီယွမ် ယခင်က ပစ်ခဲ့သည့် မြှားချက်များထက် သုံးဆတိတိမြန်သည်။

ထိုဆေးမြစ်က သူ့ကိုဂရုမစိုက်မိစေရန်အတွက် ညှို့ချက်မိနေသည့်အလား ဟန်ဆောင်နေရသည့်အတွက် ရီယွမ်၏ မြှားချက်က သိပ်ပြီးတော့ မပြင်းထန်ပေ …. သို့သော် … တစ်ချက်ထဲနှင့် အသေသတ်နိုင်အောင်တော့ သူပစ်လွှတ်လိုက်နိုင်သည်။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် ခရမ်းရောင်ကောင်းကင်ဂျင်စင်းက ရှိသမျှ ယန်စွမ်းအင်များကို အမြင့်ဆုံးထိ ရောက်အောင်မြှင့်တင်လိုက်ပြီး သူ၏ စိတ်စွမ်းအင်များအားလုံးကို အဆုံးခံပြီး ရီယွမ်၏ မြှားချက်ကို တောင့်ခံရန် ပြင်ဆင်လိုက်သည်။

ခရမ်းရောင်သွေး အလယ်ဆင့် သိုင်းသမားတစ်ယောက်၏ စွမ်းအားက ကန့်သတ်ချက်ရှိသည် ။ ထိုပြင်းအားလောက်လေးနဲ့တော့ သူ၏ ယွမ်ချီ အကာအရံကို ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ …

True Martial World Book 13-14Where stories live. Discover now