C-188

146 24 0
                                    

အခန်း ၁၈၈
နောက်တစ်နေ့ညနေခင်း …. ဆေးပင်ဌာန အတွင်း ………….

“ ဝမ် အစ်မ …. ဒီမှာ ဒီနေ့အတွက် ဆေးပင်တွေပါ” ။ ရီယွမ်က ဆေးပင်များထည့်ထားသော ခြင်းတောင်းကို ဝမ်အရှေ့ရှိ စားပွဲပေါ်သို့ ရိုသေသည့်ဟန်ဖြင့် ချတင်ထားပေးလိုက်သည် ။

ဝမ်က ပျင်းရိဖျင်းတွဲ့စွာ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ရီယွမ်၏ ဆေးပင်များကို စတင်ချိန်တွယ်လိုက်သည်။

“တစ်နေ့တစ်ခြား နည်းသထက် နည်းလာပါလား” …. ဆေးခြင်းတောင်းထဲရှိ ဆေးပင်များက စုစုပေါင်း နဂါးအကြေးခွံ ၈၀ ဖိုးထက် ပိုမည်မထင်ပေ ….။

ရီယွမ်က ယခင်တုန်းက ဆေးပင်များကို တစ်နေ့လျှင် နဂါးအကြေးခွံ ၂၀၀ ဖိုးခန့်ရအောင် ခူးနိုင်သည်ဖြစ်ရာ လူသစ်တစ်ယောက်အနေဖြင့် ရီယွမ်၏ အရည်အချင်းကို ဝမ်သည်ပင် အံ့သြသင့်ခဲ့ရသေးသည်။

ကျန်းရီ၏ စံချိန်နှင့် မနှိုင်းယှဉ်သာသော်လည်း သိပ်မဆိုးဘူးဟု ပြောလို့ရသည်။ နှစ်လအတွင်း နဂါးအကြေးခွံ ၁၅၀၀၀ ရအောင် လုပ်ဆောင်ဖို့က မဖြစ်နိုင်သော ကိစ္စတစ်ခုတော့ မဟုတ်ပေ။

သို့သော် ဆယ်ရက်အတွင်း ရီယွမ်၏ အရည်အချင်းများ ထက်ဝက်အထိ ညံ့ဖျင်းသွားခဲ့မည်ဟု ဝမ်ကထင်မှတ် မထားခဲ့ပေ။ အဆိုးဆုံးက နောက်ဆုံးသုံးရက်အတွင်း တစ်နေ့လျှင် နဂါးအကြေးခွံ ၇၀ .. ၈၀ ဖိုးခန့်မျှသာ ပြန်လည်အပ်နှံနိုင်ခြင်း ဖြစ်သည် ။

ထိုနှစ်များအတွင်း ဝမ်က ဆေးပင်ခူးသည့်ဌာနတွင် ကြီးကြပ်ရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ရသည်ဖြစ်ရာ ထူးချွန်ထက်မြက်သည့် ဆေးပင်ခူးသမား များစွာနှင့် ကြုံခဲ့ရဖူးသည် ။ ထို့ကြောင့် လူတိုင်း၏ အရည်အချင်းကို သူမကောင်းစွာ အကဲဖြတ်တတ်သည် ။

သေချာတာတစ်ခုပဲရှိသည် ။ ဘာဖြစ်လို့ ဆေးပင်တွေ တဖြည်းဖြည်းနည်းလာရသလဲဆိုတော့ ဒီငနာလေး အလုပ်မကြိုးစားပဲ အချောင်ခိုနေလို့သာ ဖြစ်ရမည်။

ထိုအကြောင်းကို စဉ်းစားလိုက်သောအခါ ဝမ်က သေချင်စော်နံသွားသည်။ ထိုကဲ့သို့ ရေသာခို အချောင်လိုက်နေသည့် လူများကို သူမကြည့်မရပေ … မြို့တော်မှပေးသော ရိက္ခာများကို ဖြုန်းတီးပစ်နေခြင်းဟုသာ သူမတွေးမိသည် ။

True Martial World Book 13-14Where stories live. Discover now