C-200

146 22 1
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၂၀၀

ရီယွမ် ယခုမှ သတိပြန်ဝင်လာခဲ့သည် ။ သူ၏ နုလုံးခုန်သံနှင့် အသက်ရှုနှုန်းတို့ကို ထိုအကြီးအကဲက ခွဲခြားသိနိုင်နေသည် ။ သိပ်ပြီးအံ့သြစရာလဲမရှိပေ ... တိုင်အီမြို့တော်၏ အကြီးအကဲတစ်ယောက်ရှေ့တွင် လူငယ်တစ်ယောက်ရှိနေခြင်းက အလွန်ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တစ်ခုပင် …

“အသက် ၁၃ နှစ်နဲ့ ကောင်းကင်မျက်လုံးကို အခြေတည်ဖို့ဆိုတာ မင်းမှာ ထိုးထွင်းသိမြင်နိုင်စွမ်းတွေ အလွန်ကောင်းမှပဲရမယ်” .. ထိုအကြီးအကဲက ရီယွမ်ကို ချီးကျူးလိုက်သည် ။ ဝတ်ရုံအနက်နှင့်လူကြီးက ရီယွမ်၏ အကြောင်းများကို ပြည့်ပြည့်စုံစုံပြောပြထားခြင်းကြောင့် ရီယွမ်က ဆေးပင်ခူးရာတွင် ပါရမီပါသည်ဆိုခြင်းမှန်း သူသိထားခဲ့သည်။ ဆေးပင်ခူးသော ပထမမြောက်နေ့မှာပင် နဂါးအကြေးခွံ ၂၀၀ ဖိုးရအောင် ရီယွမ်က ခူးနိုင်ခဲ့သည်။

ရီယွမ်၏ ထိုးထွင်းသိမြင်နိုင်စွမ်းကတော့ အံ့မခန်းပင် ….

“အကြီးအကဲ ဂျန်ဂီ ကို ကျေးဇူးတင်ပါတယ်” ရီယွမ်က လေးလေးစားစား ပြန်ဖြေလိုက်သည် ။

ထိုအစိမ်းရောင်ဝတ်စုံဝတ် အကြီးအကဲက ရီယွမ်ကို အဓိပ္ပါယ်မြောက်များစွာပါသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည် ။ ရီယွမ်က ကံကောင်းစေသော အခွင့်အရေးတစ်ရပ်နှင့် ကြုံခဲ့ရမည်ဟု သူတွက်ဆလိုက်သည် ။

တိုင်အီနတ်ဘုရားမြို့တော်တွင် မရေတွက်နိုင်သော ပါရမီရှင်များစွာရှိသည် ။ အခွင့်အရေးကောင်းများ မရှိဘဲနှင့် လူသားသခင်တစ်ယောက် ဖြစ်လာနိုင်ရန်ပင် မလွယ်ကူချေ ။

အနှစ် ၅၀၀ ခန့်မှ တစ်ကြိမ်ပေါ်ထွက်လာသော ဆာဂီများက အရည်အချင်းများနှင့် ကိုယ်စီအစွမ်းထက်ကြသလို ကံကောင်းမှုတစ်ရပ်ကို ပိုင်ဆိုင်ပြီး ပြောမပြနိုင်လောက်အောင် အစွမ်းထက်သည့် ထိပ်တန်း ဆာဂီများလည်း ရှိ၏ ။

တိုင်အီ နတ်ဘုရားမြို့တော်တွင် မရေတွက်နိုင်သော ပါရမီရှင်များထဲမှ ထိုကဲ့သို့ ကံကောင်းသော လူမျိုးများလည်း ရှိသေးရာ ဝတ်စုံစိမ်းနှင့် အကြီးအကဲက ရီယွမ်ကို သိပ်ပြီး မအံ့သြသင့်ပေ ။

True Martial World Book 13-14Where stories live. Discover now