C-210

254 24 3
                                    

အခန်း ၂၁၀

ကောင်းကင်မျက်လုံး၏ ရလာဒ်

နေရောင်ခြည်ယန်စွမ်းအင်က ရီယွမ်၏ တစ်ကိုယ်လုံးထဲသို့ ပေါင်းစည်းသွားကြသည် ။ သူ၏ ခန္ဓာကိုယ် သက်လုံကလည်း တဖြည်းဖြည်းချင်း ကျဆင်းလာနေခဲ့သည် ။ သူ့ကိုယ်ထဲသို့ စီးဝင်လာနေခဲ့သော စွမ်းအင်လှိုင်းများက သူ့ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားသန့်စင်လာခဲ့သလို ခံစားနေရသည် ။

နေရောင်ခြည်ယန်စွမ်းအင်၏ စွမ်းအင်များက တကယ့် တိုင်အီဝိညာဉ်ကျင့်စဉ် ဖြစ်သည် ။ တိုင်အီဝိညာဉ်ကျင့်စဉ်က ပြီးပြည့်စုံသော စွမ်းအင်ကျင့်စဉ်တစ်ခု ဖြစ်သည့်အတွက် …. ကျင့်ကြံသူ၏ ယွမ်ချီများကို ရေအိုင်ငယ်သဖွယ် စုစည်းပေးပြီး ယွမ်ချီများကိုလည်း တိုးပွားလာစေသည် ။ သို့သော် ထိုသိုင်းကျမ်းထဲတွင်တော့ သိုင်းကွက်သိုင်းဟန်များ သိပ်ပြီးမပါဝင်ပေ ….

တိုင်အီဝိညာဉ်ကျင့်စဉ်၏ စွမ်းအင်များက မည်သည့်လက်နှက်နှင့်မဆို တွဲဖက်အသုံးချနိုင်သည် ။ ရီယွမ်က သူ၏ တပ်မတစ်ထောင် ဓါးမော့ကို ကျောတွင်လွယ်ပြီး လုပ်ငန်းဌာန ရုံးရှိရာသို့ ပြေးထွက်သွားခဲ့လိုက်သည် ။

နောက်ထပ် ရက်အနည်းငယ်အတွင်း ရီယွမ်၏ အသက်က ၁၃ နှစ်ပြည့်လာတော့မည် ဖြစ်သည် ။ သူ၏ အရပ်က အနည်းငယ် မြင့်မားလာသော်လည်း တပ်မတစ်ထောင်ဓါးမော့နှင့် နှိုင်းယှဉ်လိုက်ပါက အလွန်ရယ်စရာကောင်းနေသေးသည် ။

ရီယွမ်က ထိုဓါးမော့ကြီးကို သူသွားလေရာသို့ အမြဲတမ်းကိုင်ဆောင်သွားနိုင်ရန် မလွယ်ကူကြောင်းသိလိုက်သည် ။

အင်း … အခွင့်အရေးရရင် သိုလှောင်လက်စွပ်တစ်ကွင်းလောက်ရအောင် ငါလုပ်မှပါ .. ရီယွမ်က ထိုသို့တွေးလိုက်သည် ။ သို့သော် ယခုအချိန်တွင် ရီယွမ်က ဘဏ်တွင် နဂါးအကြေးခွံ သုံးထောင်ချေးထားသည် ဖြစ်ရာ နောက်ရက်အတွင်း သိုင်းပြိုင်ပွဲတွင် လောင်းကြေးထပ်ရန်အတွက် နဂါးအကြေးခွံများ သူစုဆောင်းထားဖို့လိုသည် ။

ရီယွမ်က ယခုလက်ရှိ သိုလှောင်လက်စွပ်ဝယ်ရန် အတွက် စောင့်ဆိုင်းရမည် ဖြစ်သော်လည်း နဂါးအကြေးခွံများ ရရှိရန်အတွက် အလွယ်ကူဆုံး ဖြတ်လမ်းတစ်ခုကတော့ ရှိသည် ။

Je hebt het einde van de gepubliceerde delen bereikt.

⏰ Laatst bijgewerkt: Mar 04, 2020 ⏰

Voeg dit verhaal toe aan je bibliotheek om op de hoogte gebracht te worden van nieuwe delen!

True Martial World Book 13-14Waar verhalen tot leven komen. Ontdek het nu