C-194

142 23 1
                                    

သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ

အခန်း ၁၉၄

ရီယွမ်က ထိုပဲစေ့အရွယ် အလုံးလေးကို သေသေချာချာ စူးစမ်းလိုက်သည် ။ ထိုအလုံးလေး၏ မျက်နှာပြင်ပေါ်တွင် သွေးချည်မျှင်များကို တွေ့နေရသည် ။

ထိုအလုံးလေးက ရီယွမ်ခန္ဇာကိုယ်၏ အလယ်ဝင်ရိုးတည့်တည့်တွင်ရှိနေပြီး သူ၏ သွေးကြောများသည်လည်း ထိုအလုံးလေးမှတဆင့် ဖြတ်သန်းစီးဆင်းနေပေသည် ။

အဲဒါက ဘာလဲ …

ဘာကြောင့် မျက်ခုံးနှစ်ခုကြား အလယ်တည့်တည့်မှာ အဲဒီအလုံးလေးက ရုတ်တရက်ပေါ်လာရတာလဲ ။

ရီယွမ်က တစ်စုံတစ်ခုကို တွေးမိသွားသည် ။ ထိုအလုံးလေးက မျက်လုံးနှင့် ဆင်တူသည် မဟုတ်ပါလား ….

မျက်လုံးလား … ။

အဲဒါဖြစ်နိုင်ပါ့မလား …။

ကောင်းကင်မျက်လုံးလား … ။
ရီယွမ်စိတ်ထဲ ထိုသို့တွေးလိုက်မိသည်နှင့် သူအံ့သြသွားခဲ့ရသည် ။ ကောင်းကင်မျက်လုံးက လူတစ်ယောက်၏ မျက်ခုံးနှစ်ခုကြား အလယ်တည့်တည့်တွင်သာ ဖြစ်တည်လေ့ရှိသည် ။ သိုင်းပညာရှင်တစ်ယောက်က သတ်မှတ်အဆင့်ကို ရောက်ရှိသည်နှင့် သူတို့၏ ကောင်းကင်မျက်လုံးကို ဖွင့်နိုင်သည် ။

ရီယွမ်က ကောင်းကင်မျက်လုံးအကြောင်း သူဖတ်ခဲ့ဖူးသည့်စာအုပ်များထဲတွင် ပြန်လည်ရှာဖွေလိုက်သည် ။ သူ၏ ခေါင်းထဲတွင်ရှိနေသော ထိုအလုံးလေးက ကောင်းကင်မျက်လုံး ဖြစ်ရမည်ဟု သူပိုမိုယုံကြည်လာခဲ့သည် ။

ကောင်းကင်မျက်လုံးပိုင်ဆိုင်သော စစ်သည်တစ်ဦးအနေဖြင့် မိမိ၏ပတ်ဝန်းကျင်အခြေအနေကို အခြားသူများထက် ပိုပြီး ခြုံငုံသုံးသပ်နိုင်၏ ။

ကောင်းကင်မျက်လုံးရရှိထားသူက အဆင့်တူ သိုင်းသမားတစ်ယောက်၏ သိုင်းပညာအဆင့်ကို ကောင်းစွာ မှန်းဆနိုင်သည် ။ ထို့ကြောင့် လူဝကြီးစုကျီ … လင်စန်းတုန်နှင့် တွေ့ခဲ့ရစဉ်က ရီယွမ်၏ သိုင်းအဆင့်ကို တစ်ချက်ငဲ့ကြည့်လိုက်ရုံဖြင့် လူဝကြီးကပြောနိုင်ခြင်း ဖြစ်သည် ။ ထိုစဉ်က ရီယွမ်က ဒေါသခန္ဓာကိုယ်နှင့် နဂါးသွေးခုန်နှုန်းကို ရရှိထားကာစ အချိန်သာ ရှိသေးသည် ။

True Martial World Book 13-14Where stories live. Discover now