C-195

146 21 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၉၅

ထိပ်ပြောင်ကြီးချင်က သူ့ကိုမေးနေသည်ကို ကြုံလိုက်ရသောအခါ စုန့်ဇီဂျွန်က စိတ်ရှုပ်ထွေးသွားမိသည် ။ ဘယ်လို ပြန်ဖြေရမှန်းတောင် သူမသိတော့ချေ …။

စုန့်ဇီဂျွန်က ယနေ့ စုဝေးပွဲအတွက် အတူတူသွားရန်ဆိုပြီး ရီယွမ်၏ အခန်းတွင်လိုက်လံရှာဖွေရာ ရီယွမ်ကို မတွေ့ခဲ့ရပေ ။ ရီယွမ်ရှိသည့်နေရာကို သူသိလိုက်ရသောအခါတွင်တော့ သူဆွံ့အံ့သွားမိသည်။

စုန့်ဇီဂျွန်အနီးတွင်ရှိသော ရွှမ်းဝူစစ်တပ်မှ လူများကတော့ ရီယွမ် မရောက်လာခဲ့ခြင်းကို ကြည့်ပြီး အလွန်နှစ်ထောင်းအားရ ဖြစ်နေပေသည် ။

ထိပ်ပြောင်ကြီးချင်က စိတ်ဆတ်သည့် လူတစ်ယောက်ဆိုတာ သူတို့ကောင်းကောင်းသိသည်။ သူ့အမိန့်ကို ဖီဆန်သည့်လူမှန်သမျှ ကြောက်မက်ဖွယ်ရာ အကျိုးဆက်ကို ခံစားရပေလိမ့်မည် ။ ရီယွမ်တော့ ဒုက္ခလှလှ တွေ့ပြီ ဖြစ်၏ ။

ရီယွမ်က ယခင်တစ်ခေါက်က သူတို့အထဲတွင် အထူးချွန်ဆုံးဖြစ်ရာ ရီယွမ်ဒုက္ခတွေ့နေသည်ကို ကြည့်ပြီး သူတို့ကြိတ်ပျော်နေကြသည်။

“အဲဒီ ရီယွမ်ဆိုတဲ့ကောင်က စိတ်ဝင်စားဖို့တော့ကောင်းသား ။ လူများတွေလို ပန်းပဲတို့ … တိုက်ခိုက်ရေးတို့ အဲဒီလို အလုပ်တွေမလုပ်ပဲ မိန်းကလေးတွေလုပ်တဲ့ ဆေးပင်ခူးတဲ့အလုပ်ကိုပဲ ရွေးလုပ်နေတယ် …. သင်တန်းဆရာချင် စာမေးပွဲ စစ်တာကိုတောင် ပျက်ကွက်ရဲတယ်” …  ရွှမ်းဝူစစ်တပ်မှ လူများကတော့ အချင်းချင်း ကြိတ်ပြီး တီးတိုးဝေဖန်နေကြသည် ။

“ဟီးဟီး …. အဲဒီ ရီယွမ်က သေချင်နေတာပဲ … သူဘယ်လိုတွေးသလဲတော့ ငါမသိဘူး … ငါသာသူ့လို အခြေခံကောင်းကောင်းသာရှိရင် ဆေးပင်ခူးတဲ့ အလုပ်ကိုရွေးမှာ မဟုတ်ဘူး … ဒီကောင်က ကိုယ့်အရည်အချင်းကို ကိုယ်ပြန်ဖျက်ဆီးနေတာပဲ ဆေးပင်တစ်လခူးလို့ ဘာအကျိုးကျေးဇူးများ ရမှာမို့လို့လဲ … ဒီကောင် ဒီတစ်ခါလဲ ကနဦးမြှားကို စိုက်နိုင်လိမ့်ဦးမှာ မဟုတ်ဘူးလို့ ငါထင်တယ်”

True Martial World Book 13-14Tahanan ng mga kuwento. Tumuklas ngayon