205

152 22 0
                                    

Zawgyi Code

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၂၀၅

ရီယွမ်က လီဟောင်ကို စားဖိုဆောင်ထဲ လူအများရှေ့တွင် အရှက်ခွဲလိုက်သည်ဟူသော သတင်းက တိုင်အီနတ်ဘုရားမြို့တော်အတွင်း လျှင်မြန်စွာ ပျံနှံ့သွားခဲ့သည် ။

ဟောင်ဒုန် အဖွဲ့အစည်းနှင့် ရီယွမ်တို့ကို လူအားလုံးက ဂရုတစိုက် စောင့်ကြည့်နေကြသည် ။ ဟောင်ဒုန်အဖွဲ့အစည်းက လူသစ်များကြားထဲတွင် နာမည်အကြီးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်သလို ရီယွမ်ကလဲ ရှေးဦးမူလဆေးပင်ကို ခူးနိုင်ခဲ့သည့်အတွက် လျှမ်းလျှမ်းတောက် ကျော်ကြားနေသည့် လူငယ်တစ်ယောက် …

ထိုနှစ်ဦးအကြား ပြသနာက ဒုတိယနှစ်သင်တန်းသားများပါ မကျန် စိတ်ဝင်တစား စောင့်ကြည့်နေကြသော ပြသနာတစ်ခု ဖြစ်သည် ။

ရီယွမ်၏ လုပ်ငန်းခွင် ရာသီပိတ်သည့်အချိန်တွင် ရီယွမ်တစ်ယောက် ဒုက္ခလှလှတွေ့မည်ကို သူတို့အားလုံး မြင်ချင်နေကြသည် ။

ဟောင်ဒုန် အဖွဲ့အစည်းကတော့ ပထမနှစ်ကျောင်းသားများထဲမှ အရည်အချင်းရှိသူများစွာကို သူတို့အဖွဲ့ထဲသို့ လျှင်မြန်စွာ သွတ်သွင်းနေကြသည် ။ ထို့ပြင် ထိုလူငယ်အများစုကလည်း ကျန့်ပြည်နယ်ရှိ ထိပ်သီးမိသားစုများမှ ဆင်းသက်လာခဲ့သူများ ဖြစ်ကြသည် ။

လီဟောင်သည်လည်းပဲ မြို့တော်ရှိ ထိပ်သီးမိသားစုကလန်ထဲမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည် ။ သို့ဖြစ်၍ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် အလွန်ကျယ်ပြောပြီး အဆက်အသွယ်ကောင်းများ အလွန်များပြား၏ ။ ထို့ကြောင့် သခင်လေး အများစုက သူ့ကို မျက်နှာသာပေးပြီး တော်ရုံတန်ရုံ ထိပ်တိုက်မတွေ့ဆုံလိုကြပေ ။

လူငယ်များစွာကို ဟောင်ဒုန်အဖွဲ့အစည်းထဲသို့ ဝင်ရောက်ခြင်းအတွက် ဟောင်ဒုန်က ထိုလူငယ်များကို အကျိုးရှိစေရမည်ဟု ကတိပေးထားခဲ့သည် ။

သို့သော် ယခုတွင် ရီယွမ်က လီဟောင်ကို အရှက်ခွဲလိုက်သည့်အတွက် ထိုကိစ္စကြောင့် ဟောင်ဒုန်အဖွဲ့အစည်းမှ လူငယ်များက ဆတ်ဆတ်ခါဖြစ်သွားကြသည် ။

True Martial World Book 13-14Where stories live. Discover now