C-196

145 23 1
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၉၆

“မင်္ဂလာပါ ဝမ် အစ်မ” ရီယွမ်က ဆေးခြင်းတောင်းကို ကျောတွင်လွယ်ရင်း အခန်းထဲသို့ လျှောက်ဝင်လာခဲ့သည် ။ သူ့မျက်နှာထက်တွင်တော့ ရူးသလိုပေါသလို အပြုံးမျိုးက တစ်ခုရှိနေလေ၏ ။

ဝမ်က သူစိမ်းဆန်ဆန်ကြည့်လိုက်သည် ။ သို့သော် ရီယွမ်ကတော့ အရေထူနေပြီ ဖြစ်သည် ။

“အစ်မက စာအုပ်ဖတ်နေတာလား” … ရီယွမ်က ဖောရောသောရောဖြင့် ဝင်လုံးရန် ပြင်ဆင်လိုက်သည် ။ သို့သော် ဝမ်၏ တင်းမာခက်ထန်သော အကြည့်အောက်တွင် အခြားသူများဆိုပါက ဆွံ့အံ့သွားပေလိမ့်မည် ။

ဝမ်က မည်သည့်စကားမှ မဆိုသေးပေ ။ ရီယွမ်ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် လက်ထဲတွင်ကိုင်ထားသော စာအုပ်ကို စားပွဲပေါ်သို့ ဝုန်းခနဲ ပစ်ချလိုက်သည် ။

“အယ်” .. ရီယွမ်ဘာပြောရမှန်းပင် မသိတော့ချေ ….။ 

“နင်စောစောပြန်လာတာ သေချာပြီးလား” ဝမ်က စားပွဲပေါ်ရှိ ရီယွမ်၏ ဆေးခြင်းတောင်းကို မထီသလိုကြည့်ရင်း ခပ်ဆတ်ဆတ်လေး မေးလိုက်သည် ။ သူမ၏ အသံစူးရှရှက နားကွဲမတတ် ကျယ်လောင်လွန်းလှသည်။

“ဟုတ်တယ် … ကျွန်တော် အပိုဆုနည်းနည်းလေး ရလာတာနဲ့စောစောသိမ်းလိုက်တာ … ရက်တွေကြာသွားရင် ဆေးအဆီအနှစ်တွေ လျော့သွားမှာစိုးလို့ စောစောသိမ်းခဲ့တာပါ ။ အဲဒါလေးတွေကိုလဲ ပြချင်လို့ပါ”

ရီယွမ်က အမှန်ကို ပြောနေခြင်းဖြစ်သော်လည်း ဝမ်၏ မျက်စိထဲတွင်တော့ တမင်ချဲ့ကားပြောဆိုနေသည်ဟုသာ ထငိမိနေသည် ။

“ဟွန့်”  … ဝမ်က ရီယွမ်၏ စကားကို အဖက်မလုပ်ပေ ။ ဆက်ပြောနေရင်လဲ အရူးဘုံမြှောက်နေသလိုသာ ဖြစ်မည်မှန်း သူမကြိုသိနေသည် ။

“နင်က ခုနှစ်ရက်ဆက်တိုက် ဆေးပင်ခူးသွားတယ်ဆိုတော့ တစ်ရက်ကို နဂါးအကြေးခွံ၃၅ ခု ပြန်သွင်းရမယ် ။ နင်စောစောပြန်လာပေမယ့် အဲဒါတွေကို ပြန်မပေးရဘူးလို့ ထင်မနေနဲ့ ။ ငါကတော့ တစ်ပြားမှ မလျှော့ပေးနိုင်ဘူး … ရှင်းရှင်းပဲ”

True Martial World Book 13-14Where stories live. Discover now