C-207

145 22 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၂၀၇

အနက်ရောင်ဝတ်စုံနှင့် လူက ချင်ဟိုတန်နှင့် အခြားသူများကို သင်ခန်းစာပို့ချနေရင်း သူ၏ လေသံကိုအနည်းငယ် ပြင်ဆင်လိုက်ပြီးနောက်

“ နေရောင်ခြည် ယွမ်စွမ်းအင်က အဆင့်အမျိုးမျိုး ခွဲခြားထားတယ် … ငါ့မှာရှိတဲ့ နေရောင်ခြည်ယန်စွမ်းအင်က ခြေသုံးချောင်းရွှေကျီး ဆီကနေရထားတဲ့ စွမ်းအင်တွေပဲ …”

ထိုသို့ပြောပြီးသည်နှင့် အနက်ရောင်ဝတ်စုံဝတ်လူက သူ၏ လက်မောင်းများကို ဆန့်တန်းလိုက်၏ ။ သူ့ခန္ဓာကိုယ်မှ အသံများ တစ်ဖျောက်ဖျောက်ပေါ်ထွက်လာပြီး မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ပေါ်ထွက်လာကြသည် ။

ထိုအရာက ထိုလူကြီး၏ ချီစွမ်းအင်များ လေထုထဲတွင် လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်နေခြင်းကြောင့်ပင် .. ထိုလူ၏ ခန္ဓာကိုယ်က အလွန်ပူပြင်းသော နေလုံးကြီးတစ်ခုပမာ ပြောင်းလဲသွားလေတော့သည် ။

“ ပူလိုက်တာ… ”

ရီယွမ် အံ့သြသွားမိသည် ။ မှတ်တမ်းတင် မှော်အစီအရင်ကို ကြည့်နေရင်းမှပင် ထိုမြင်ကွင်းမှ ကြောက်မက်ဖွယ်ရာ ဖိအားများက သူ့ကို သက်ရောက်နေသလိုမျိုး ခံစားနေရသည် ။ သူသာ ထိုစာသင်ခန်းထဲတွင် ရှိနေပါက ထိုဖိအားက ဘယ်အထိပြင်းထန်လိုက်မည်မှန်း မတွေးဝံ့စရာပင် …

ရီယွမ်က ထိုလူကြီး၏ ကျောနောက်ဘက်မှ တိုးထွက်လာသော နေရောင်ခြည်ယန်စွမ်းအင်များထဲမှ ခြေသုံးချောင်းရွှေရောင်ကျီးကန်းကြီး၏ ပုံရိပ်ကို မှိန်မှိန်လေး မြင်တွေ့လိုက်ရမိသည် ။ ထိုကျီးကန်းကြီးက ခြေထောက်သုံးခုရှိပြီး သူ၏ အတောင်များကို ဖြန့်လိုက်ရာမှ မီးတောက်မီးလျှံများ ပေါ်ထွက်လာကြသည် ။

ထိုအရာက ရွှေရောင်ကျီးကန်းကြီး၏ နေရောင်ခြည်ယန်စွမ်းအင်ပင် ဖြစ်သည်။

ရီယွမ်က ချင်ဟိုတန်နှင့် အပေါင်းအပါများကို လှမ်းကြည့်လိုက်မိရာ သူတို့အားလုံး အနောက်သို့ ဆုတ်သွားသည်ကို မြင်တွေ့လိုက်ရသည် ။ ထိုလူကြီးထံမှ ထုတ်လွှတ်နေသော နေရောင်ခြည်ယန်စွမ်းအင်များ၏ ဖိအားကို သူတို့ ခံနိုင်ရည်မရှိကြချေ …

True Martial World Book 13-14Opowieści tętniące życiem. Odkryj je teraz