သခင်စေရာ

26.6K 742 22
                                    

"ကဲ..ဒီတစ်ခါကားမောင်းပြိုင်တာ
ဘာကြေးလဲ မင်းသခင်"

ပြိုင်ဘက်အဖွဲ့ဖြစ်တဲ့မင်းသခင်ဆိုတဲ့လူသားအား
ခပ်သန့်သန့်လူငယ်တစ်ဦးမှမေးလိုက်သည်

"အဟား..ကြေးကမင်းတို့သတ်မှတ်လိုက်ပါ
အနိုင်ရမယ့်လူကကြေးကြီးသတ်မှတ်ပစ်ရင်
မင်းမွဲသွားမှာဆိုးလို့ အဟက်"

မင်းသခင်ခပ်ထေ့ထေ့ရယ်ရင်းပြောလိုက်သည်
"မင်း!!"
"အေး ကျွန်းတစ်ကျွန်းကြေးပေါ့ကွာ"ထိုလူကြေးခေါ်လိုက်သည်နှင့်

"Ok bro"မင်းသခင်ချက်ချင်းလက်ခံလိုက်သည်

မင်းသခင်ဆိုတာ ဤလိုလူစားမျိုး စကားပြောလျှင်ကပ်သီးကပ်သပ် အခြားလူပြန်မပြောတတ်အောင် ပြောတတ်တဲ့လူစား..ပုံစံကြည့်လျှင်လည်း မိန်းမတိုင်းလက်မလွှတ်နိုင်သော ပုံစံမျိုး 6'ကျော်ကျော်အရပ်ကို bodyတွင် tattoအပြည့် မျက်ခုံးထူထူ အသားဖြူဖြူ
ပိုက်ဆံလား အဖေက သမ္မတရာထူး အမေက မြန်မာပြည်တွင်သာမက နိုင်ငံတစ်ဝှမ်းတွင် ခရီးသွားလုပ်ငန်း ကုမ္ပဏီများ ရွှေတိုက်များ shopping mallများစွာပိုင်ဆိုင်သူ သူ့အတွတ်ငွေဆိုတာ ရေထက်ပေါတဲ့လူစားမျိုး

"OK ဒါဆိုစမယ်"
"1.2.3. Go"
ကောင်မလေးဆီမှအလံအပေါ်မြှောက်လိုက်သည်နှင့်
ကား၂စီးမှာတစ်ပြိုင်နက် အရှိန်အဟုန်ပြင်းစွာထွက်သွားလေသည်

သခင် သူ့နောက်မှဘေးချင်းကပ်လိုက်လာသောကားအား
အနီးကပ်ရောက်အောင်စောင့်ရင်း ရောက်လာသည်နှင့်ထိုကားရှေ့ ဝှိုက်ချလိုက်သည်

"ကျွီ!!

တဖက်မှကားမှာ ဘရိတ်အတင်းဆွဲအုပ်ရင်း ပလက်ဖောင်းအားဝင်တိုက်ပစ်လေသည်

" သခင်..သခင်..မင်းသခင်.."
သခင့်ကားပန်းဝင်လာသည်နှင့် အော်ဟစ်ကြလေသည်

သခင်ကားရပ်ပြီး သူ့သူငယ်ချင်းတေနှင့်လက်ဝါးချင်းရိုက်လိုက်လေသည်
"ကဲ လောင်ကြေးအနေနဲ့ မင်းအဖေပိုင် ကျွန်းတစ်ကျွန်း
အမ်းလိုက်တော့ဟျောင့်"

သခင် ခပ်ဟဟရယ်ရင်းတောင်းလိုက်ပြီးစာချုပ်ရသည်နှင့်ထွက်သွားလေသည်
"ဝူး.."

"တောက်!!မင်းသခင် မင်းနဲ့ငါထပ်တွေ့ကြအုံးမှာပါ"
ထိုလူမှာမကျေမနပ်ရေရွတ်ရင်းကျန်ခဲ့လေသည်
...............................................................
"ဒေါ်ငွေစိန်..ဒေါ်ငွေစိန်..ဒေါ်ငွေ.."
ထိုအဒေါ်ကြီးဆီမှအော်သံမှာတစ်ဝက်တစ်ပျက်ရပ်သွားလေသည် အကြောင်းမှာ

"အဒေါ့် ဘာက်ိစ္စရှိလို့လဲဗျ"အသားဖြူဥဥနဲ့ကောင်လေးတယောက်ထွက်လာ၍မေးလိုက်သည်

"ဘာဘာကိစ္စ ဟုတ်လား နင်တို့အိမ်ဖိုး ဒီလခ မပေးရသေးလို့လာတောင်းတာလေ "

ထိုအဒေါ်မှာရပ်ကွက်ထဲတွင်အိမ်ငှါးစားသူအဒေါ်ကြီးအာပြဲလျှာပြဲနဲ့ အော်ဟစ်အကြွေးတောင်းတတ်သူ

"ဟုတ်..ဟုတ်ကဲ့ပါ အဒေါ် သားညနေလစာထုတ်တာနဲ့တန်းပေးပါ့မယ်ဗျာ အမေကနေမကောင်းလို့ပါ သားညနေလာပေးပါ့မယ်"

လင်းမြတ်ပိုင်အချိုသာဆုံးပြောလိုက်သည်
"အေးပြီးတာပဲ ဒါဆိုငါ ညနေထိစောင့်မယ်
ညနေမှ နင်မလာရင် ငါထပ်လာမယ်"

"ဟုတ် ဟုတ်ကဲ့"
ထိုအဒေါ်ကြီးထွက်သွားသည်နှင့်လင်းမြတ်ပိုင်ထိုင်ချလိုက်သည် သူ့အတွတ် အဖေမရှိတော့တဲ့ဘဝကခက်ခဲလှသည်
အမေရယ် ညီလေးရယ် ညီမလေးတွေနဲ့ သူ့အိမ်စရိတ်
စားစရိတ်အတွတ်ခက်ခဲလှသည်
သူကသားကြီးဖြစ်တဲ့အတွတ်ကြိုးသားရမှာပင်
သူတွေဝေငေးငိုင်နေလို့မဖြစ်

လင်းမြတ်ပိုင်ဆိုသည်မှာ အရပ်မနိမ့်မမြင့် အသားဖြူဥဥ
နှုတ်ခမ်းပါးလေးတွေကနီရဲဥနေလေသည် တော်ရုံမိန်းကလေးတွေပင်သူ့ချောမောမှုကိုမယှဉ်နိုင်ပေ မျက်လုံးကြည်တောက်တောက်လေးတွေကအသဲယားစရာ
ဒါပေမယ့်ထူးဆန်စွာ ထိုကောင်ချောလေး၏ဘဝမှာ ရုပ်ကလေးနဲ့ဘာမှမဆိုင်ကြမ်းတမ်းခက်ထန်လှပေသည်

လင်းမြတ်ပိုင် ထိုင်ရာကနေထပြီးအိမ်ထဲဝင်သွားလေသည်

#ဝေဖန်ပေးကြပါ
#သခင်စေရာ

သခင်စေရာTempat cerita menjadi hidup. Temukan sekarang