သခင်စေရာ

8.4K 303 3
                                    

သခင်စေရာ အပိုင်း(၃၀) Final

"ဦး ဒီနေ့ သားသားကိုကျောင်းသွားပို့ရင်လိုက်ခဲ့ပေးလို့ရမလားဟင်"

သူ ဦးအင်္ကျီကြယ်သီးအားတပ်ရင်းမေးလိုက်သည်။ဦးက ဒနေ့အရေးကြီးတာရှိတယိဆို၍အစောထပြင်ဆင်နေခြင်းပင်။

"ရတယ်လေ ကလေးရ မဟုတ်ရင်တောင်ကိုယ်ပဲကျောင်းကိုလိုက်ပို့မှာ"

ဦးက သူ့အားငုံ့ကြည့်ရင်းပြောလာလေသည်။

"သားက ဦးအရေးကြီးတာရှိတယ်ဆိုလို့အခုမှပြောတာပါ"

"အင်းပါကွာ လိုက်မယ် ဟုတ်ပြီလားbaby နောက်တခါပြောစရာရှိရင်ကိုယ့်ကိုမကြောက်ပဲပြောပါကွာ"

ဦးက သူ၏ကိုယ်လုံးလေးအားရင်ခွင်ထဲဆွဲသွင်း၍ပြောလိုပ်လေသည်။ဦး၏ရင်ခွင်ကသူ့အတွတ်အနွေးထွေးဆုံးပင်။ဦးကခေါင်းတဖြေးဖြေးငုံ့လာပြီးသူ၏နှုတ်ခမ်းပါးနားအရောက်

"ပါးပါး ဒက် ဒီ"

သားသားကအော်ရင်းဦးအခန်းထဲသို့ပြေးဝင်လာလေသည်။သာစသားကအခန်းပေါက်ဝတွက်မျက်လုံးလေးပြူးပြီးကြည့်နေလေသည်။

"ဘာလုပ်နေကြတာလဲ ပါးနဲ့ဒက်"

သူ သားသားမေးမှဦးကိုယ်အားတွန်း၍ထွက်လိုက်ပြီးသူ၏အင်္ကျီများအားဟိုဆွဲဖြန့်ဒီဆွဲဖြန့်လုပ်လိုက်သည်။
ဦးကလဲ သူ၏အင်္ကျီများအားဆွဲချနေလေသည်။

"မဟုတ်ပါဘူး သားသားရ သားသားက ဘာလာလုပ်တာလဲ"

ဦးကမေးလိုက်မှ

"ပါးပါးနဲ့ဒက်ကျဖက်ပြီးသားသားကြဘယ်သူမှမဖက်ကြဖူး"

သားသားကနှုတ်ခမ်းနီတာရဲလေးကိုစူကာစိတ်ဆိုးနေလေပြီ။

"ပါးဖက်မှာပေါ့ ပါးရဲ့နတ်သားလေးကို"

သူပြောပြီးသားနားထိုင်ချကာ ဖက်လိုက်သညိ။ဦးကလည်းလိုက်ထိုင်ပြီးသူနှင့်သားကိုယ်လေးအားတင်းကြပ်စွာဖက်လိုက်လေသည်။

"ဒက်ရဲ့ရှင်သန်ရာလေးတွေကို ဒက်ကလဲဖက်မှာပေါ့"

ဦးကသိုင်းဖက်သလိုနှင့်သူ၏လည်ပင်းလေးများအားဖွဖွနမ်းနေလေသည်။သားကတော့အရှေ့ကနေဘာမှမသိရယ်နေလေသည်။

သခင်စေရာWhere stories live. Discover now