သခင်စေရာ

7.6K 325 0
                                    

သခင်စေရာ အပိုင်း(၂၅)

လင်းမြတ်သူလွတ်ကျသွားသော ဖိုင်တွဲများအားကောက်လိုက်ဖို့ခါးအကုန်း သူ့ရှေ့ရောက်လာသည့် ပြောင်လက်နေသောရှူးဖိနပ်တစုံ။

သူမတ်တပ်ရပ်ပြီးကြည့်လိုက်သည်နှင့် ဦးကရှေ့တိုးလာသည်။သူနောက်တဖြေးဖြေးဆုတ်ရင်းနံရံနဲ့တောင်ထိမိနေလေပြီ။ဦးမျက်လုံး၏အကြည့်ကိုလည်ူသူမခန့်မှန်းတတ်။

"ဘယ်တွေရောက်နေတာလဲ"

မေးလည်းမေး ဦး၏ခေါင်းကစောင်းငဲ့ပြီးသူ၏လည်ပင်းများကိုနှုတ်ခမ်းများဖြင့်မထိတထိစနေ၏။

"မဆိုင်တော့ ခင်များကိုပြောစရာမလိုတော့ဘူးမလား"

"မဆိုင်တော့!!လက်မှတ်ကအခုထိမကွာရှင်းရသေးဘူးဆိုတာသိတယ်မလား"

သူမပြောတတ်တော့။ ဦး၏နှုတ်ခမ်းများကလည်းခပ်ဖွဖွထိနေ၍သူနေရခက်သည်။သူ့ကိုယ်လေးပိုသေးသွားသယောင်

"ဖယ်ပါ ကျွန်တော့်ကို ဒီလိုမလုပ်ပါနဲ့"

သူ့ကိုယ်ကြီးအားတွန်းရင်းပြောသော်လည်းအားမမျှ၍နည်းနည်းမှမရွေ့ပေ။

"ဒီအငွေ့အသက်လေးကိုလွမ်းနေတာကွာ "

"အဟင့် ဖယ် အွန့် အွင်းး "

ဦးကသူ၏နှုတ်ခမ်းများအားစုပ်ယူနေလေသည်။လက်များကလည်းတဖြေးဖြေးနယ်ကျွံလာ၍သူဦး၏ကိုယ်အားအသားကုန်တွန်းပစ်လိုက်သည်။

"ကျွန်တော့်ကို ကိုယ်စားလှယ်အနေနဲ့ပဲ ဆက်ဆံပေးပါ ဦးမင်းသခင်"

ဦးကတော့သူ၏အင်္ကျီများကိူပြန်ဆွဲဖြန့်ရင်းဘာမှမဖြစ်သလိုပင်။

"စစချင်းမို့လွှတ်ပေးလိုက်မယ် ဘေဘီ ok ကိုယ်စားလှယ်က ဒီအခန်းထဲမှာနေရပါမယ် အခုက အစပျိုးအနေနဲ့ နမူနာတွေလာပြတာမလား ထားခဲ့လိုက်ပါ"

ဦးခွင့်ပြုချက်ရသည်နှင့်သူရှောင်ထွက်ပြီးစားပွဲပေါ်တင်လိုက်သည်။ဦးက စားပွဲနားလာရပ်ကာ ပါးကိုနမ်းသွားလေသည်။

"အရင်အတိုင်းပဲ okဒါဆိုပြန်လို့ရပါပြီ ဦးလင်းမြတ်ပိုင်"

သူအံ့သြလို့မဆုံးသေးဦးကနှင်လွှတ်နေလေပြီ။သူလည်းအခန်းထဲမှခပ်မြန်မြန်ထွက်လာလိုက်သည်။

သခင်စေရာWhere stories live. Discover now