သခင်စေရာ

8.5K 338 1
                                    

အပိုင်း(၁၉)

ဒီနေ့ ဦးက သူ့ကိုသွားစရာရှိသည်ဆို၍သူမနက်အစောကြီးထ၍ပြင်ဆင်နေလိုက်သည်။ ဦးကသူ့ကိုဤလိုတခါမှမပြောဖူးပေ။သူဦးကိုနှိုးရအုံးမယ်။

"ဦး ထတော့လေ သွားစရာရှိတယ်ဆို"

သူ ဦးကိုယ်လုံးအားလှုပ်၍နှိုးလိုက်သည်။

"အင်း အလင်း ဦးထတော့မယ်နော်"

ဦးက သူ့အားပြုံးကြည့်ရင်းပြောလာလေသည်။
"ဟုတ် ဒါဆိူ သားအောက်ထပ်ကပဲ စောင့်နေတော့မယ် "

သူ ဦးအလာကိုအောက်ထပ်ကစောင့်နေလိုက်သည်။ဦးကဒီနေ့မှသူနဲ့အင်္ကျီဆင်တူဝတ်ထားသလိုမျိုးခံစားလိုက်ရသည်။

"ဦး မနက်စာ စားသွားမလား"

"မစားတော့ဘူးလေ အလင်း ဦးတို့ဟိုရောက်မှစားကြတာပေါ့ ထ သွားရအောင်"

"ဟုတ် ဦး"

သူ ဦး၏ဘေးကလိုက်လာရင်းအပြင်ဘက်ရှုခင်းများကြည့်နေလိုက်သည်။ကားရပ်သွားမှ သူရောက်နေတဲ့နေရာတချက်ကြည့်လိုက်သည်။လူတွေများတဲ့ပန်းခြံတခု။

ဦးကသူ့အားကားတံခါးဖွင့်ပေးပြီးဆင်းစေသည်။သူဆင်းလိုက်သည်နှင့် သူ့ခြေဖဝါးအောက်တွင် နှင်းဆီပွင့်ဖက်များ။ဦးကသူ့ဆီသို့အလန်းဆန်းဆုံးအပြုံးများပေး၍တရွေ့ရွေ့လာနေလေသည်။သူ့ရှေ့ရောက်ရောက်ခြင်းပင် ဘောင်းဘီထဲမှ ဗူးတခုကိုယူ၍ သူ့ရှေ့သိူ့ဒူးထောက်ပြီးဖွင့်ပြလေသည်။

"အရမ်းချစ်တယ် baby ကိုယ့်ကိုပြန်ချစ်ပေးပါ"

သူစွံ့အသွားသည်။ဦးကသူ့ကိုရည်းစားစကားပြောနေတာလား?သူမျက်ရည်များကျနေမိသည်ထင်သည်။
လူတွေကလည်းဝိုင်း၍ လက်ခံပေးဖို့အော်နေကြတာ သူမျက်နှာထားစရာနေရာတောင်မရှိတော့ ရှက်လွန်းလို့

"ချစ် ချစ်တယ် ဦး အရမ်းချစ်တယ်"

သူ ဦး၏ကိုယ်လုံးအားဖက်ထားပြီးငိုနေလိုက်သည်။

"အဟား ကလေးလေး တယောက်ငိုနေတယ်ကွာ တိတ်တိတ် နောက်ဘယ်တော့မှ ဦးကြောင့်မျက်ရည်မကျစေရတော့ဘူး"

သူတို့၂ယောက်တယောက်နှင့်တယောက်ပြုံး၍ကြည့်နေမိသည်။ထိုအကြောင်းများကိုပန်းခြံတနေရာကကြည့်နေသည်လူကတော့ မျက်လုံးမှာမီးတောက်နေသည်ထင်။

သခင်စေရာWhere stories live. Discover now