သခင်စေရာ

9.9K 469 14
                                    

သခင်စေရာ အပိုင်း(၉)

"အကိုလေး အကိုလေး ဖေဖေနဲ့မေမေအောက်မှာရောက်နေပါတယ်"

သခင်ဆေးရုံက ပြန်ရောက်ပြီး စိတ်တိုနေ၍ဆေးလိပ်ထိုင်သောက်နေချိန်အိမ်အကူကောင်လေးမှလာခေါ်ခြင်းဖြစ်သည်။

"မွေးမိသခင်နဲ့ဖခင်က အဟက် အခုမှဘာလာလုပ်ရတာတဲ့လဲ"

သခင်အိမ်ပေါ်ထပ်မှခပ်တည်တည်ဆင်းလာရင်းတယောက်မှကိုမကြည့်ပဲ ဆိုဖာပေါ်ခြေချိတ်ထိုင်လိုက်သည်။

"ပြောပါအုံးသမ္မတကြီးနဲ့မြန်မာနိုင်ငံရဲ့အားကျလေးစားအတုယူရတဲ့မိန်းမကောင်းစီးပွားရေးရှင်ကြီးခင်မျ ကျွန်တော့်လိုမျိုးခပ်ဆိုးဆိုးကောင်တယောက်ရဲ့အိမ်ကိုဘာများလာလုပ်ကြတာပါလဲ"

သခင်ဂျစ်တစ်တစ်မေးလိုက်သည်။

"မင်းကရိုင်းလှချည်လား သခင် မင်းမှာကိုယ်ပိုင်စီးပွားရေးတွေရှိမှန်းသိတယ် မင်းကသူဋ္ဌေးသားမဟုတ်ဘူး သူဋ္ဌေးဆိုတာလဲ ငါတို့သိတယ် အဲ့တာနဲ့ပဲငါတို့ကိုခပ်ဂျစ်ဂျစ်လာမဆက်ဆံနဲံ မင်းသခင်"

"အေး အခုပြောချင်တာ မင်းအိမ်ထောင်ရေးကိစ္စ မင်းကိုမိန်းမပေးစားမယ် အေး မင်းမှာချစ်သူရှိရင်တော့မင်းသဘောပဲ အဲ့တာလာပြောတာ တပတ်အတွင်းနော် မင်းသခင်ငါကမင်းအဖေ မင်းထက်ပိုဆိုးတယ်ဆိုတာ မမေ့နဲ့ ငါတို့ပြန်မယ်"

သခင်ဖေဖေတို့ပြန်သွားသည်နှင့်

"အဟင်း ကျွန်တော်ကလည်းခင်များသားပါ"

မင်းသခင်မျက်ဝန်းထဲပေါ်လာတာက လင်းမြတ်ပိုင်။
သူ လင်းမြတ်ပိုင်ဆီဖုန်းခေါ်လိုက်သည်။

"မင်း အခုချက်ချင်း ငါ့အိမ်လာခဲ့ လင်းမြတ်ပိုင်"

သူပြောပြီးပြီချင်းဖုန့်းချလိုက်သည်။
လင်းမြတ်ဟိုလူ့ဆီကဖုန်းလာ၍ကိုင်တုန်းhelloပင်မပြောရ သူဖြစ်ချင်တာပြောသွားသည်။အခုကမေမေ့ဆီ ကိုထွဋ်ရောက်နေတုန်းမို့ ကံကောင်းသွားသည်။

"ကိုထွဋ် ကျွန်တော့်ကိုအလုပ်ကအရေးတကြီးခေါ်လို့သွားရမှာ အဲ့တာလေ ကိုထွဋ်အားရင်မေမေ့ကိုခနစောငိ့ပေးပါလား"

သခင်စေရာWhere stories live. Discover now