သခင်စေရာ

7.8K 285 0
                                    

သခင်စေရာ အပိုင်း(၂၆)🔞🔞🔞🔞🔞

မင်းသခင် နောက်နေ့ အလင်း ထိုင်မည့်နေရာကို သူ့စားပွဲနဲ့တန်းတန်းထားခိုင်းလိုက်သည်။အဲ့တာမှအဝငမ်းလို့ရမှာ။

"ကျွန်တော်ရောက်ပါပြီ ဦးမင်းသခင်"

လင်းမြတ်သူရောက်ကြောင်း လက်မှတ်ထိုးပြီးခဲ့သော်လည်း ဦးနှင့်တခန်းထဲမို့မိတ်ဆက်လိုက်သည်။

"အင်း ထိုင်.ညနေကိုယ်စားလှယ်တွေကိုကြိုဆိုတဲ့အနေနဲ့စားသောက်ပွဲလုပ်ပေးထားတယ် တက်ဖို့ဖိတ်ပါတယ် ဦးလင်းမြတ်ပိုင်"

လင်းမြတ်သူ့စားပွဲကနေပင်

"ဟုတ် ကျွန်တော်တက်နိုင်အောင်ကြိုးစားပါ့မယ်"

လင်းမြတ်စိတ်ပျက်လှသည်။ဦးကသူ့အားစိုက်ကြည့်နေသည်မှာမျက်တောင်ပင်မခတ် သူနေရခက်လှပြီ။
ဦး၏အကြည့်တွေအား သူနားလည်သည်။ရီဝေဝေနှငိ့ လူကိုစားမတတ်ဝါးမတတ်ပင်။ဦးသူ့စားပွဲမှထလာသည်ကိုမြင်ရ၍ လက်များကတုန်နေလေသည်။

ထိုအချိန်ကွက်တိပင်

"ဟာ သခင့် "

အခန်းထဲအော်ပြီးဝင်လာသော စစ်မှူးနှင့်အာကာရယ် ကောင်းလေးနှင့်ကိုထွဋ်

ကိုထွဋ်ကသူ့အားမြင်သည်နှင့်

"ပိုင်လေး မင်းသိပ်လုပ်ရက်တယ်နော် ဒီမှာဒိကောင်ကြီးအရူးတပိုင်းလိုပဲ မင်းကိုဒီတခါစိတ်ပျက်တယ် ပိုင်လေး"

"ဦးထွဋ်ကလည်း ကိုကိုမြတ်မှမသိတာ ကို အပြစ်မပြောပါနဲ့"

"အခု အခု ဘာတွေပြောနေကြတာလဲ "

သူတို့ပြောနေတာတွေတကယ်ကိုတစ်လုံးမှနားမလည်ပေ။
သူဘာအမှားလုပ်မိလို့လဲ

"အေး သိချင် မနက်ဖြန်အိမ်လာခဲ့ လင်းမြတ်ပိုင် ငါတို့ပြောပြမယ်"

စစ်မှူးမှမျက်နှာတည်ကြီးနှင့်ပြောလေသည်။

"အခု ဆေးရုံသွားဖို့လာခေါ်တာ သခင် ဟိုမှာအခြေမနေမကောင်းတော့ဘူး နောက်ဆုံးအချိန်လို့လဲ ပြောသံကြားတယ်"

"အေး အဲ့တာဆို အမြန်သွားကြမယ်"

ဦးမှပြောပြီးပြီးချင်း ခုံမှသူ့ကုတ်အားပြေးယူကာ အရင်ထွက်သွားလေသည်။ကိုစစ်ကတော့သူ့ကိုမကြညကြည့်ကြည့်သွားလေသည်။

သခင်စေရာWhere stories live. Discover now