သခင်စေရာ

7.8K 271 0
                                    

သခင်စေရာ အပိုင်း(၂၉)

ဒီနေ့ဆို သူတို့ဦးနှင့်အတူနေလာတာ ၁လပင်ပြည့်ပြီ။အခြေအနေကလဲ အရင်လောက်မဆိုးတော့ပင်။ဒိနေ့သားသားက်ို ကစားကွင်းလိုက်ပို့ဖို့ပြင်ဆင်နေတာပင်။ ၂ယောက်လုံးအိပ်ယာကထသေးပုံမပေါ်။သူကစားစရာတွေထည့်ပြီးနေပြီ။ဟိုသားအဖကမထသေး။သူအပေါ်ထပ်ကိုတက်ပြီးမြင်လိုက်ရသည်က သားဖနှယောက်ဖက်အိပ်နေတာ ဆင်အော်တောင်နိုးမည့်ပုံမပေါ်။

"သားသား ဦး.ထတော့ဆို ကစားကွင်းသွားကြမှာဆို"

သူနှိုးကာမှသားဖနှယောက်ပို၍ပင်တိုးဖက်နေလေသည်။

"လင်းမြတ်မင်း ဦးမင်း သ ခင်"

သူအသံအကျယ်ကြီးအော်ပစ်မှလူးလွန့်ကာနိုးလာလေသည်။

"ကလေးရာ အော်လိုက်တာ"

"Papaကလည်း အော်တာကြီး"

သားဖနှယောက်သားနှုတ်ခမ်းတွေဆူကာ ထပ်အိပ်ရန်ပြင်နေပြန်သည်။

"အေး ထပ်အိပ်ရင် ကစားကွင်းကို ကျွန်တော်မလိုက်တော့ဘူးနော်"

"ဟာ ထပြီ ပါပါး"

နည်းနည်းဆူလိုက်မှရေချိုးခန်းထဲထပြေးကုန်သည်။တဘက်တွေတယောက်မှယူမသွား၍လိုက်ပေးရပြန်သည်။

"ပါးပါးကော ရေချိုး"

သားကနှုတ်ခမ်းနီတာရဲလေးကိုဆူထော်ကာပြောလာလေသည်။သူ သားက်ိုလေးကိုလက်ကဘေးဖြင့်ဖွဖွတိုက်ရင်း

"သားတို့ပဲချိုးပါ ပါပါးက ခနနေမှချိုးမယ်နော်"

သခင်သားအားမျက်စပစ်ပြီးပြောလိုက်သည်နှင့်သားကခေါင်းလေးည်ိတ်ပြလာလေသည်။သူကလေးကိုယ်အားမချီ၍ရေချိုးကန်ထဲသို့ပစ်ချလိုက်သည်။

"အားး အညစ်အပတ်သားအဖနှယောက်"

Babyကသူနှင့်သားအားရေများဖြင့်ပတ်လာလေသည်။သူတို့ထိုင်နေပုံက သူကကန်ဘောင်မှီ၍အလယ်ကbaby babyရှေ့ကသားသားပင်။သူသားသားကိုဖက်သလိုနှင့်သူ့အားတင်းကြပ်စွာဖက်ပစ်သည်။

"အင့် ဒက်ဒီ သားသား ယားတယ် ကလိမထိုးနဲ့ ခ်ခ်"

သူသားအားကလိထိုးလိုက်သည်နှင့်သားကအငြိမ်မနေပဲbabyကိုယ်လုံးလေးက သူ့ရင်ခွင်ထဲပို၍ဝင်လာလေသည်။သူ babyဂုပ်သားလေးတွေကိုနမ်းပြီးပါးပြင်ကိုနမ်းရိုက်လိုက်သည်။သားသားကတော့အရှေ့မှရေဆော့လို့ကောင်းတုန်း။သူ babyကိုမေးစေ့လေးမှဆွဲလှည့်ကာနမ်းရန်ပြင်လိုက်သည်။

သခင်စေရာWhere stories live. Discover now