သခင်စေရာ

10.1K 483 1
                                    

သခင်စေရာ အပိုင်း(၈)

သခင်မနက်မိုးလင်းသူ့ရင်ခွင်ထဲတွင်သူ့အားတင်းတင်းကြပ်ဖက်ပြီးအိပ်ပျော်နေသော အကောင်ပေါက်လေးအားသေချာကြည့်မိသည်။မျက်တောင်တိုစိပ်စိပ်လေးတွေဝန်ရံထားတဲ့မျက်လုံးလေးကအမြဲညှိုးငယ်သိမ်ငယ်နေသလို။ခေါင်းကသူ့ဘက်လှည့်အိပ်နေ၍နှုတ်ခမ်းခပ်စူစူရဲရဲလေးမှာ ရှေ့သို့စူထွက်နေလေသည်။သူထိုနှုတ်ခမ်းသေးသေးလေးအားအသံထွက်သည်ထိနမ်းလိုက်လေသည်။

"ပြွတ်စ်"

သူနမ်းလိုက်မှထိုလေးမှာလူးလူးလွန့်လွန့်လုပ်၍နိုးလာလေသည်။သူကျွန်တော့်ကိုဖက်ထားမှန်းသိ၍သူ့လက်ကိုလွှတ်ပြီး ငေါက်ခနဲထထိုင်လေသည်။

"အ့"
ညကကျွန်တော်ကြမ်းထားမိသည့်အတွတ် သူအခုလိုထလိုက်၍နာသွားခြင်းဖြစ်သည်။

"ထပြီး မျက်နှာသစ်ပြီးရင် မင်းမေမေဆီလိုက်ပို့မယ်"

"ဟုတ် ဦး"

သူလေးတရွေ့ရွေ့ဖြင့်ရေချိုးခန်းဝင်သွားလေသည်။
သူပြန်ထွက်လာမှ

"အောက်မှာမနက်စာ သွားစားမယ်"
ကျွန်တော်သူ့မျက်နှာလေးအားကြည့်၍ပြောလိုက်သည်။

"ဟို ဟို သားကို မေမေ့ဆီအရင်ပို့ပေးပါ မနက်စာမစားတော့ဘူး"

ကျွန်တော့်အားသူမကြည့်ရဲသလိုခေါင်းလေးငုံ့၍ဖြေလာသည်။သူလည်းသု့မေမေဆီအရမ်းသွားချင်နေလောက်ပြီ။ဂရုစိုက်တတ်တာမင်းပုံစံမဟုတ်ဘူး မင်းသခင်
သူ့ဘာသာဘာဖြစ်ဖြစ်ဂရုမစိုက်နဲ့။

"အင်း လိုက်ပို့မယ် "

နှစ်ယောက်လုံးသူ့အမေတင်ထားသည့်ဆေးရုံသို့ထွက်လာလိုက်သည်။တလမ်းလုံးလည်းကျွန်တော့ဘက်ကိုစောင်းငဲ့မကြည့်။ကျွန်တော်အရင်တွေ့ဖူးတဲ့လူတွေနဲ့တခြားစီ။အရင်လူတွေဆိုကျွန်တော်အခုလိုလိုက်ပို့ခဲ့ရင်သူတို့အတွတ်မဟာကံထူးဆုကြီးပေါက်သလိုပင်ပျော်နေကြသည်။အခုထိုကလေးက အဲ့လိုမဟုတ် အခြားလူတွေနဲ့မတူလို့ သူအဲ့ကလေးပေါ်ပိုစိတ်ဝင်စားမိတာနေမှာ။

"ရောက်ပြီ အလင်း ဒီနေ့ကစပြီးမင်းကိုငါ အလင်းလို့ပဲခေါ်မယ်"

သခင်စေရာWhere stories live. Discover now