သခင်စေရာ

11.5K 544 4
                                    

"ဟယ် သား အိမ်ပြန်နောက်ကျလာချည်လား ညကကောဘယ်မှာအိပ်တာလဲ"

လင်းမြတ်အိမ်ထဲဝင်လာသည်နှင့်မေမေကအိပ်ယာထဲမှစိုးရိမ်တကြီးမေးလေသည်။
"မဟုတ်ပါဘူးမေမေရ သားတို့HotelမှာVVIPတွေရောက်နေလို့လေအဲ့တာ ညကအဲ့မှာပဲအိပ်လိုက်တာပါ"

လင်းမြတ်မေမေ့အားလိမ်မပြောဘူးပါ ပထမဆုံး ဒါပထမဆုံးပဲ မေမေ့ကိုလိမ်ပြောမိတာ သားတောင်းပန်ပါတယ်မေမေ

"အေးပါကွယ် မေမေကစိတ်ပူလို့ပါ သွားသွား ထမင်းစားရေးမိုးချိုးချည် ပင်ပန်းနေရောပေါ့"

လင်းမြတ်မေမေ့ကိုကြည့်ပြီးငိုချင်လာသည်။ဘာလို့လဲ ဘာကြောင့်လဲ သူ့မှဘာလိုဒီလိုလာဖြစ်ရတာလဲ

"ဟုတ်မေမေ အဲ့တာဆိုသားရေချိုးလိုက်အုံးမယ်
ရော့ မေမေဒါက သား ဒီတလခ လစာပါ"

"မေ့မေ့သားလေးသုံးဖို့ကကော"
မေမေကပြန်ပေးရန်ပြင်လိုက်သည်နှင့်
"ရတယ်မေမေ သားကBonusရထားတယ် သားအတွတ်မလိုဘူး မေမေပဲယူထားပါ"

လိမ်မိပြန်ပြီ

"မေမေ့သားလေးပင်ပန်းနေတော့မှာပဲဘမေမေကလည်းဘာမှမကူညီနိုင်ဘူး"
မေမေကစိတ်မကောင်းစွာပြောလာလေသည်။

"သားအတွတ်မေမေရှိနေခြင်းကသားအတွတ်အများကြီးအကူအညီဖြစ်ပါတယ်မေမေရယ်"

သူပြောပြီးပြီးချင်းထထွက်လာသည်။သူမေမေ့ရှေ့မငိုချင်ပေ။အိမ်ထောင်တခုဖို့ငယ်ငယ်ရွယ်ရွယ်နဲ့ဦးဆောင်နေသည့်သူ့အဖို့မေ့မေ့ရှေ့မျက်ရည်ကြပြလို့မရပေ။မိသားစုအတွတ်သူအားတင်းထားရမယ်။
❤ ❤ ❤
"ကောင်းကင်ယံရေ ကောင်းကင်ယံ အင်း ဒီကောင်လေးကလေ ဘယ်အပင်ပေါ်တက်နေပြန်ပြီလဲ"

ဒေါ်ဧကရီသူမ၏တစ်ဦးတည်းသောသားမျောက်လောင်းကိုဧည့်သည်တွေနဲ့မိတ်ဆက်ပေးရန်ရှာနေခြင်းပင်။

"ဒီကလေးနှယ် စောငိ့နေပါအုံးဆို ဘယ်ပျောက်သွားပြန်ရတာလဲ ကောင်းကောင်း သားကောင်းကောင်း"

ကောင်းကင်မေ့မေ့အားမြင်ပါသည်။ဟွန့် ဧည့်သည်လာတာ သူကဘယ်လိုဧည့်ခံတတ်မလဲ လာမခေါ်နဲ့လုံးဝမလိုက်ဘူး ဒါပဲ ဟွန့်

သခင်စေရာМесто, где живут истории. Откройте их для себя