သခင်စေရာ

7.7K 311 0
                                    

သခင်စေရာ အပိုင်း(၂၂))

ဒီနေ့ ကောင်းကောင်းတို့ကျောင်းစတက်ရပြီ။ဦးထွဋ်ကလည်းcompanyတစ်ဖက်သူကလည်းကျောင်းတဖက်ဆိုတော့ အိမ်မှာ အကူတယောက်ခေါ်ထားလိုက်သည်။
ဦးထွဋ်ကလည်းအစောထ၍ အစည်းအဝေးရှိသည်ဆို၍သွားလေပြီ။

သူ့ကို ဟိုကောင်လဒ မြတ်မင်းခန့်လာခေါ်မည်ဆို၍စောင့်နေခြင်းဖ်ြစ်သည်။သူတလို့မှမဆုံးသေး အိမ်ရှေ့မှဟွန်းတီးသံကြားလိုက်ရသည်။

"မင်းကလည်းကြာလိုက်တာကွာ"
သူကျောပိုးအိတ်ကို တစောင်းလွယ်ရင်းအိမ်ထဲမှထွက်လာကာပြောလိုက်ခြင်းပင်။

"အေးပါကွာ မေမေကမိန့်ခွန်းချွေနေလို့ "

"ဟွန့် uniတောင်တက်နေပြီကို ကလေးထင်နေသေးတယ် ဟားဟား"

သူရယ်ရင်းအရှေ့ခန်းကတဖက်သို့ဝင်ထိုင်လိုက်သည်။

"Goတော့ bro"

သူပြောလိုက်သည်နှငိ့ ကားလေးကခြံထဲမှထွက်သွားလေသည်။သူဟန်ဆောင်ပြုံးပြုံးထားခြသ်းဖြစ်သည်။ကျောင်းစတက်ရမယ့်နေ့တောင် ဦးကလိုက်မပို့ပေ။အဟက် မင်းကဘာတွေမျှော်လင့်နေတာလဲ ကောင်းကင်ယံရယ်

သူကားအပြင်ဘက်ကိုသာကြည့်ရင်းလိုက်လာလေသည်။

🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎

သူတို့ကျောင်းကစဖွင့်စဆို၍ ဆရာတွေကမဝင်ပေ။
သူတို့ကျောင်းကစောစောပင်ပြန်လာလိုက်သည်။

"ကောင်းလေး အခုမှ နေ့လည်ပဲရှိသေးတာကွာ ငါတို့
နေ့လည်စာဝင်စားကြမယ်"

"Ok goကြမယ် ဖေ့သားလေး"
သူလည်းဗိုက်ဆာနေ၍သဘောတူလိုက်ခြင်းပင်။

စားသောက်ဆိုင်ရောက်သည်နှင့်မှာစရာရှိတာများကိုမှာပြီး၂ယောက်သားအပီအပြင်စားလေသည်။

"ကောင်းလေး မင်းနှုတ်ခမ်းမှာပေနေတယ်"

"ပေရင်သုတ်ပေးလေကွာ အင့် အင့်"

သူနှုတ်ခမ်းဆူကာ မြတ်ခန့်ရှေ့သို့ထော်ပေးလိုက်သည်။အရင်ကလဲလုပ်ပေးနေကြပင်။မြတ်ခန့်သူ့ကိုသုတ်ပေးပြီးသည်နှင့်သူဟီးခနဲရယ်ပြလိုက်သည်။"

သခင်စေရာWhere stories live. Discover now