သခင်စေရာ

9K 404 0
                                    

သခင်စေရာ အပိုင်း(၁၃)

လင်းမြတ် ကိုထွဋ်ဆိုင်သို့ရောက်သည့်တိုင်ကိုထွဋ်မှာ ကောင်တာတွင် ငူငူကြီးထိုင်နေလေသည်။

"ကိုထွဋ် နေမကောင်းဘူးလား ဘာဖြစ်လို့လဲ"
,သူကိုထွဋ်နားသို့သွား၍မေးလိုက်သည်။

"ကောင်းပါတယ် ပိုင်းလေးရ ပိုင်လေး ကိုပြောစရာရှိတယ်"
"ဟုတ် ပြောလေကိုထွဋ်"
"အင်း ကိုယ်လက်ထပ်ရတော့မယ် ပိုင်လေး"

ဟင် ကိုထွဋ်ကလက်ထပ်မယ် ဘယ်သူနဲ့လဲ သူလည်းဘာမှမသိရသေးပေ။ကိုထွဋ်မှာရည်းစားရှိမှန်းလည်းမသိပေ။ခုကဘယ်သူနဲ့လဲ

"ဘယ် ဘယ်သူနဲ့လဲ ကိုထွဋ်"

"ကောင်းကင်ယံနဲ့ ပိုင်လေး ပိုင်လေးကိုလက်ထပ်သွားသည်ဖြစ်ပါစေ အကူအညီလိုရင် ကို့ကိုပြောပါ ကိုတည်ရှိနေတာပိုင်လေးအတွတ်ပဲ"

"ဟုတ် ကိုထွဋ် ကျေးဇူးတင်ပါတယ်"

အင်း သူအကိုတယောက်လိုချစ်ရတဲ့သူရယ် ညီတယောက်ပမာချစ်ရတဲ့သူတွေလက်ထပ်မှာ ဒီပွဲကိုသူမရရအောင်တက်ရမည်။ဦးကို မရရအောင် သူပြောရမည်။သူအလုပ်ဝင်ရန်အင်္ကျီလဲဖို့အတွတ် ဆိုင်အတွင်းခန်းသို့ဝင်ခဲ့လိုက်သည်။

ငါချစ်ရတဲ့လူကိုဆုံးရှုံးရတာမင်းကြောင့် ကောင်းကင်ယံ
အစထဲက ငါ့ကိုလွှတ်ထားခဲ့ရင် ဒီနေ့လိုဖြစ်မလာဘူး
ဒါတွေအကုန်မင်းကြောင့် မင်းနေရာတကာပါလွန်းတယ် ကောင်းကင်ယံ။အေး ငါမပျော်ရွှင်ရသလိုမင်းလည်းပျော်ရမယ်မမှတ်နဲ့ နေ့တိုင်းနာကျင်မှု ဝမ်းနည်းမှုတွေနဲ့ပဲ နေသွားစေရမယ် ကောင်းကင်ယံ မြတ်ထွဋ်ခေါင်လက်သီးကိုတင်းတင်းကြပ်ကြပ်စုပ်ထားမိသည်။

💜

ဦးအလုပ်ကပြန်လာသည်နှင့်သူဦးအိတ်ကိုဆွဲယူ၍အပေါ်ထပ်သို့တက်ခဲ့လိုက်သည်။ဦးအဝတ်အစားလဲနေသည်ကိုမြင်သည်နှင့် သူထ၍ အင်္ကျီချွတ်ပေးမိသည်။ဦးကသူ့အားတအံ့တသြကြည့်နေလေသည်။

ဦးကအဝတ်အစားလဲပြီး၍ စာကြည့်စားပွဲနားကတေးလိပ်ကိုယူသောက်ကာမွေ့ယာပေါ်ထိုင်နေလေသည်။
လင်းမြတ်ဦးအနားသွားကာ

"ဦး မနက်ဖြန်ကလေ ကိုထွဋ်နဲ့ကောင်းကောင်းရဲ့လက်ထပ်ပွဲလေ သိလား"

သခင်စေရာWhere stories live. Discover now